ယုံကြည်ခြင်းကိုအရင်းပြု၍ (မဒီ)

Record Tracklist

  1. ယုံကြည်ခြင်းကိုအရင်းပြု၍ (မဒီ) -:-- / 5:13

VERSE 1
ညအမှောအုပ်စိုးဆဲကွယ် ငါ့မနက်ဖြန်ရယ်
ညကိုအံတုရင်း လမ်းဆုံးတော့မယ်
ကမ်းနဲ့အဝေး ဗေဒါပင်ငယ်လေးလို
မျောပါဆဲ ရေစီးကြောင်းတွေထဲ

VERSE 2
ဘဝအမှောင်မှာ လျှောက်လို့နေ ငါ့မနက်ဖြန်ရယ်
မင်းလာမယ်မျှော်ရင်း နစ်မြုပ်တော့မယ်
လှိုင်းကကြမ်း ကယ်တင်ရှင်ရှာရင်းနဲ့
သမုဒ္ဒရာထဲမှာ ဘယ်ကမ်းဆိုက်ပါ့မလဲ

CHORUS 1
ကမ်းသောင်နဲ့အလှမ်းဝေးသူ
ကယ်သူမဲ့ ကမ်းနဲ့ဝေး မျောလွင့်ဆဲ လှေကလေးရယ်
နေရောင်မရှိလမိုက်ည လှိုင်းတွေထဲ
ကြယ်စင်တို့ အလှမ်းကဝေး မျောလွင့်ဆဲတိမ်တိုက်ငယ်
အတွယ်အတာမရှိ ငါ့ဘဝလည်း မင်းလိုပဲ
ငါ့ရဲ့အချိန် နေသာမှ ပြည့်စုံမယ် (ငါ့မနက်ဖြန်ရယ်)

VERSE 3
အရှေ့ဆီမှာအလင်းနုငယ် နှုတ်ဆက်နေပြီ
ညအမှောင်အိပ်မက်ဆိုး အဆုံးသတ်တော့မယ်
လှမ်းကြည့်တော့ ငွေသောင်ယံမနက်ခင်းဆီ
ဝမ်းမြောက်ခြင်းတွေ စောင့်လို့ကြိုပြီ

VERSE 4
ဘဝအမှောင်ကုန်ဆုံးခဲ့ပြီ လှိုင်းလည်းငြိမ်ပြီ
အနားယူနေနိုင်ဖို့ ဖေးမခဲ့သူ
ငါ့ရဲ့အသက် ခိုလှုံရာ သခင်ရှိပြီ
အသက်တာခရီးမှာ ဘာများကြောက်ရမလဲ

CHORUS 2
နားခိုရာရှိခဲ့ပြီ ကမ်းနဲ့အဝေး မျောလွင့်ဆဲ လှေကလေးလို
နေရောင်မရှိ လမိုက်ည ကြွင်းကျန်နေ
ကြယ်တွေလည်း အလှမ်းဝေးလည်း ကောင်းကင်ဘုံလက်တစ်ကမ်းပဲ
ယုံကြည်ခြင်း အရင်းပြုလို့ အရယူခဲ့
ငါ့ရဲ့သခင်ရင်ခွင်ထဲ ပြည့်စုံပြီ