သိသင့်သလောက် (ထွဏ်းထွဏ်း)

Record Tracklist

  1. သိသင့်သလောက် (ထွဏ်းထွဏ်း) -:-- / 3:09

VERSE 1
အချိန်အခါတွေဟာ မျက်တစ်မှိတ်မှာ ကမ္ဘာလည်တာကို မသိရပါ
ပြိုချိန်တန်မယ့် လောကမြေ ဒီကမ္ဘာအကျွန်တွေ မီးနဲ့ဆေး
ဘယ်သူပိုလိုတာ ငါနဲ့မဆိုင် ငါလိုတာ ငါရမှထင်
ပြောင်းလဲခြင်းများကြုံရင် ငါ့အတွက် ကံပဲတဲ့

VERSE 2
ကိုယ်ယုံကြည်ရာ ဘုရားအတွက်သာ ဒီကမ္ဘာမြေမှာ ချီးမွမ်းကြ
ဘယ်သူတွေအသက်ပေးရဲလဲ ဆုံရင်တိုင်ပင်အငြင်းပွားခဲ့
တကယ်ဆို ဖြူစင်တာ အဖဘုရားပဲ ရင်ခုန်သံတွေမှားသွားလည်း
အဆုံးသတ်ခရီးများကျော်ရင် ဘုရားတွေ့မှာပဲ

CHORUS
အိုး… မေးရင်ကြာတယ် လက်တွေ့စမ်းကြည့်
တွေးရင် ငိုင်မယ် အဆုံးသတ်မလှပ
တကယ်ဆို ရေဟာ အမြဲကြည်မလား

VERSE 3
အို ယုံလွယ်တဲ့ လောကကျွန် ဒီကိုယ်ခန္ဓာ ပစ္စည်းဓနကြား
ကိုယ်ပိုင်ဆိုင် သမ္မာကျမ်းလေးတောင် ဘယ်နေရာကိုသွားမေ့ထားခဲ့
အန္တရာယ်ကောင်မှာ ဘုရားအတွက်ပဲ ခန္ဓာသေစဉ်ဘုရားအတွက်တဲ့
ကောက်ရိုးမီးများလောင်သော် ခင်ဗျားအပြုပါပဲ