လိုအပ်ပြီ (ထွဏ်းထွဏ်း)

Record Tracklist

  1. လိုအပ်ပြီ (ထွဏ်းထွဏ်း) -:-- / 3:33

CHORUS
မြေကြီးသည် လူ့ရဲ့အသက်ပါ မြေကြီးသည် လူ့ရဲ့ဘဝပါ
မြေကြီးကို တန်ဖိုးထားရင် ကမ္ဘာမြေဟာ ကျန်းမာမယ်
မြေကြီးသည် လူ့ရဲ့အသက်ပါ မြေကြီးသည် လူ့ရဲ့ဘဝပါ
မြေကြီးကို တန်ဖိုးထားရင် ကိုယ်တော်ရှင်သည် ဝမ်းမြောက်လိမ့်မယ်

VERSE 1
ကိုယ်တော်ရှင်ဖန်ဆင်းထား လူရဲ့ကမ္ဘာမြေကြီးဟာ
ငိုညည်းသံ ပူဆွေးသံ ဝမ်းနည်းခြင်းတွေ ပြည့်လျှံ
လူတွေကြံစည်ခြင်းနဲ့ ပြည့်စုံခြင်းများ ရနိုင်မလား
အနိုင်ယူမှုတွေ ကြီးစိုးတဲ့ကမ္ဘာကြီးမှာ
စကားများပြောရုံနဲ့တော့ ကမ္ဘာမြေအလှကို မဖန်တီးနိုင်
ကိုယ်တိုင်ပါဝင် အလှသစ်ကမ္ဘာကို ငြိမ်းချမ်းဖို့ပြင်ဆင်

VERSE 2
ကိုယ်ပိုင်ဆိုင်တဲ့စွမ်းအား လူရဲ့ကမ္ဘာမြေကြီးမှာ
အလှပန်းတွေ ပွင့်လန်းရန် ပြုစုဖို့ လိုအပ်ရာ
အထံတော်မှာ ခွန်အားနဲ့ ပြည့်စုံခြင်းများရနိုင်ရန်
ညီမျှခြင်းတွေ အေးချမ်းမှုတွေ ပြည့်လျှံ
တိုးတက်၍ ပျက်စီးတဲ့ ကမ္ဘာမြေလှပစေဖို့ရာ
ကိုယ်တိုင်ပါဝင် ပြုစုကာ ကမ္ဘာကြီး ဝမ်းမြောက်စေချင်