CHORUS
စုံလင်သော ပြည့်စုံသော ဝမ်းမြောက်ခြင်းခွင့် ထက်ရပ်ဆီမှာ
အစဉ်ပျော်မွေ့ခြင်းများ ရှိနေတယ် ရွှေပြည်တော်ဆီဝယ်
စုံလင်သော ပြည့်စုံသော ဖြောင့်မတ်ခြင်း၌ ထမြောက်သူတို့
ထိုအရပ်၌ နေ့ညမရှိ ထိုရွှေပြည်တော်ဆီဝယ်
စုံလင်သော စုံလင်သော
VERSE 1
အသင်ရဲ့ဝိညာဉ် အထက်ရပ်ကောင်းကင်ဘုံနန်းမှာ
အဆင်သင့်ရှိပြီ ပူဆွေးခြင်းများရဲ့ မျက်ရည်ကင်းပြီ
ကျိုးပဲ့ကြေမွသူ စီရင်ခြင်းမှ ကင်းလွတ်စေပြီ
ရွေးနှုတ်ကျေးဇူးတော် အောက်မေ့နေရင်
VERSE 2
လူသားတိုင်းကို အပြစ်လက်မှ လွတ်စေဖို့အတွက်
ဖြေလွှတ်ခဲ့ပြီ အသွေးမြတ်နဲ့ ပေးဝယ်ယူခဲ့
ထူးမြတ်သည့်မေတ္တာ အဘယ်လူသားမှ ပေးဆပ်မကုန်
လွှတ်ခြင်းကျေးဇူးတော် အောက်မေ့နေရင်