ကိုယ်တော်ကမ်းလင့်ကြို (YC Sisters)

Record Tracklist

  1. ကိုယ်တော်ကမ်းလင့်ကြို (YC Sisters) -:-- / 4:23

VERSE 1
နေရောင်ခြည်ကွယ်ပျောက်ဆုံး အမှောင်ဖုံးလွှမ်းလောကမြေ
လင်းရောင်ခြည်ကင်းမဲ့ကာ ငြိမ်သက်တိတ်ဆိတ်နေတာ
သန်းခေါင်ချိန်မှာ ရောင်စဉ်မဲ့ ကြယ်လေးများရဲ့အလင်းဟာ
ညမှောင်လေလင်းလက်နေ သဘာဝကပေးခဲ့တာ

VERSE 2
လူတွေအလယ်ကိုယ်တစ်ယောက်တည်း အထင်လေးနဲ့စိတ်အားငယ်
ဖေးကူသူမဲ့လို့နေ ရင်ထဲတွေးစိတ်ထင်ရင်း
သေချာတယ် ရှင်တော်ဘုရား သင့်အနားက ဖေးမကာ
အားငယ်သူအားပေးရန် ယေရှုလမ်းပြလျက်သာ

CHORUS
မမြင်နိုင်စွမ်းတဲ့ ရှေ့အနာဂတ်လျှောက်ပါ ဘဝခြေလှမ်း
အောင်မြင်ခြင်းရဲ့ပန်းတိုင် မဝေးတော့ပါ
ယုံကြည်ခြင်းနဲ့အသက်ရှင်ပါ ကတိတော်စွဲကိုင်ထား
ငြိမ်သက်ခြင်းက သင့်စိတ်နှလုံးထဲမှာ

VERSE 3
ခြေချော်ကာမြေမှာလဲ ပြန်ကြိုးစားရုန်းထပါ
ဘုရားရှင်ဟာ သင့်အနားမှာ ခွန်အားပေးလျက်နေတာ
ခန္ဓာကိုယ်ရယ် စိတ်နှလုံး လူလောကမိုးခါးရေ
သောက်နေရင်း ဘဝရဲ့နွံ နစ်ရင်းနဲ့နစ်လိမ့်မယ်