အခမဲ့ (လေးဖြူ)

Record Tracklist

  1. အခမဲ့ (လေးဖြူ) -:-- / 3:57

VERSE 1
နေရာတွေတိုင်းမှာ လူတိုင်း ဝေဒနာရဲ့ မျက်ရည်တွေ
အလွယ်တွေကိုသာ ရှာဖွေရင်း အပြစ်နွံမှာ နစ်မွန်းလာ
ရုန်းထွက်မရတော့တဲ့ အချိန်မှာ အပြစ်မှ ကယ်မယ့်သူ
အမှောင်ကို လွန်မြောက်ချင်ပြီ ဘယ်သူပေးမှာလဲ

CHORUS
အခမဲ့ ပေးခဲ့တယ် တန်ဖိုးတော့ထားသင့်တယ်
ပြန်လည်ပေးဆပ်လို့မရနိုင်တဲ့အရာ
လူတွေကို အသွေးရွေးခဲ့တယ် ကိုယ်တော်ပေးတဲ့ သက်စမ်းရေ
ဒါတွေကို ပြန်တွေး ပြင်ဆင်သင့်ပြီလေ / ဆက်ကပ် / နေ့တိုင်း

VERSE 2
အခြေအနေပေးသလိုနေခဲ့ရင်း နေဝင်ချိန်နဲ့နီးလာ
အမြင်အာရုံတွေ ေ၀ဝါး စွန်းထင်းလာနှင့်သီးစွာ
ခါးသီးခြင်းရဲ့နောက်မှာ ဇွတ်တိုးထွက်ချင်စိတ်တွေ
အချိန်တွေလွန်သွားချိန်မှာ အပူတွေထဲမှာပဲ

BRIDGE
ချစ်ခြင်းနဲ့ ခွင့်လွှတ်ခြင်းကို အခမဲ့ပေးနေပြီ
အသိမဲ့မေ့လျော့ထားခြင်း ပြန်ပြီး တွေးသင့်ပြီမို့

VERSE 3
အချိန်တွေတိုင်းမှာ လူတိုင်း အသပြာနောက်လိုက်နေရာ
ခန္ဓာထက်မြတ်တဲ့ ဒီအသက် လွဲမှားစွာ သုံးလေရာ
လောကကြီးရဲ့စည်းစိမ် အသက်နဲ့လဲမှာလား
အဖြေကို တွက်မှားနေပြီ လူတွေရဲ့ အကြံအစည် လွဲနေခြင်း