နောက်မကျစေနဲ့ – ချစ်စမ်းမောင်

Record Tracklist

  1. နောက်မကျစေနဲ့ – ချစ်စမ်းမောင် -:-- / 4:19

VERSE 1
အထက်ရပ်သို့ မျှော်ရင်း ခရီးပြုလို့နေချိန်
စွမ်းအားအင်ကုန်ခမ်း အားလျော့နေလား
ဒုက္ခတွေရဲ့အကြား ခြေလှမ်းနှေးနေပြီလား
အလင်းမဲ့သူ မျက်ကန်း ဖြစ်နေလား

PRE-CHO
အလှမ်းကြည့်နဲ့ နေဝင်ချိန် အလင်းမဲ့
မျှော်လင့်ချက်က ဘယ်မလဲ
လွင့်မျောခြင်းနဲ့ နေ့တိုင်း မုန်တိုင်းကြား
လှေငယ်ရှင် ပျောက်ဦးမလား

CHORUS
မိတ်ဆွေရယ် သတိပြုလိုက်ပါ
အလင်းတရား သင့်ရဲ့ အလင်းရှင်ပါ
လျှောက်လိုက်စမ်း ဘဝရဲ့ လမ်းမှာ
အင်အားများလည်း ပေးဖို့ အားကိုးလိုက်

VERSE 2
အလျှော့မပေးနဲ့ ခရီးထိ အနီးဆုံးရောက်ချင်နေပြီ
အသစ်ပြုလို့ အားအင်တွေ အပြည့် ရှိနေပြီ
မေ့ထားလိုက် အမှားခြေရာတွေ အတ္တနဲ့လျှောက်ဦးမလား
အဆုံးသတ်မယ့် ဝိညာဉ်လမ်းဟာ သူ့ဆီမှာ

BRIDGE
သင်တစ်ယောက်တည်းထင်နေလား
မိုးအထက်က တောင်းဆုပြုသံ
ကြားတတ်သောနားရှိရင် အဆိုးများ အဝေးမှာ အဝေးမှာ