ကန္တရစမ်း စံပီး

Record Tracklist

  1. ကန္တရစမ်း စံပီး -:-- / 3:43

VERSE 1
ရှုပ်ထွေးမှုများ လူ့ဘဝဟာ အဆင်မပြေပါလား
ငိုကြွေးခြင်းထဲက ရုန်းထွက်နိုင်မလား
ကြိုးစားမှုနဲ့ ပြေလည်ဖို့ ရှင်းလေးမှ
ရုန်းလေနစ်လေ မွန်းကြပ်ခြင်းများ

VERSE 2
ခန္ဓာဝိညာဉ်ငယ် အားနည်းချိန်
ညည်းတွားခြင်းများ ပြည့်လို့နေခဲ့
ပြိုယိုင်နေတဲ့ ထင်မြင်ချက်အမှားတွေ
ယုံကြည်ခြင်းရဲ့ အဝေးမှာ ဘဝဟာ ခါးသက်
မျှော်လင့်ခြင်းရဲ့ အဝေးမှာ ဘဝဟာ ခါးသက်

CHORUS
ဝင်ပါ ရှေ့တော်မှာ အဆိုးတွေ ရှိနေလည်း
ငြိမ်းချမ်းသွားစေမယ် လွင်ပြင်သဲကန္တာရ စမ်းချောင်းလေးလို
စီးသော စမ်းရေ လောကမြေထဲ အေးမြခြင်းတွေနဲ့
ထာဝရအသက်ရေကို စီးဆင်းဖို့ ရေး ရေ

VERSE 3
အောင်မြင်မှုတွေရဲ့ လမ်းထက်မှာ
ဒီဒုက္ခများနဲ့ ရင်းနှီးလာရင်း
ဝေဟင်ပျံသန်းရင် လေမုန်တိုင်းကြားမှာ
ဟိုအမြင့်ဆုံးရောက်ဖို့ အားတွေဖြစ်ခဲ့

BRIDGE
လိုရာအသုံးပြုဖို့ ပုံသွင်းခြင်းခံပါ
သခင်ဖန်ဆင်းထားတဲ့ မြေသား မဟုတ်ပါလား
ချိုးဖဲ့ခြင်းများ ကြုံရင် သင့်ရဲ့စိတ်အား
ကိုယ်တော်နှစ်သက်ခဲ့လို့ ကိုယ်တော်တိုင်သုံးဖို့