VERSE 1
ငွေပင်လယ်ကြောထဲမျောကာ ကူးခတ်ရင်း မောပန်းလို့လာ
လိုနေတာ အသက်ရဲ့စမ်းရေပါ
မပြေလည်တဲ့ ဝမ်းရေးအတွက်ကို အသက်နဲ့ရင်း ဘဝနဲ့ရင်းကာ
ခိုလှုံရာအရိပ် ကင်းမဲ့နေလား
PRE-CHO
အိပ်စက်ခြင်းနဲ့ အစွန်းတရားတစ်ဖက်မှာ
အဆုံးသတ်ညရဲ့ အလွမ်းနေ့များ ကျော်လွန်ခဲ့ပြီ
CHORUS
လောကခရီးထဲ အလင်းနဲ့ လျှောက်လှမ်းမယ်
နှောက်ယှက်မှုများနဲ့ အဆိုးဆုံးတွေ့ကြုံလည်း
မိုးသက်မုန်တိုင်းထဲ သီချင်းများဆိုရင်းနဲ့
အလင်းသက်သေပြုမယ် လောကကြီးရဲ့ ခရီးစဉ်ထဲ
VERSE 2
စုံလင်တဲ့ ဘဝသစ်တစ်ခုကို ကူးပြောင်းလို့ ရောက်ရှိခဲ့ပြီ
သန်းခေါင်ယံညရဲ့ သီချင်းတွေနဲ့
ဒဏ်ရာတွေ ကင်းဝေးခဲ့ပြီ ရှင်းသန့်တဲ့ဘဝသစ်နဲ့အတူ
လိုတာတွေအားလုံး ရှိနေတယ်