သုညထွက်သက် – YC brothers

Record Tracklist

  1. သုညထွက်သက် – YC brothers -:-- / 4:45

VERSE
မှားမှန်းသိသော်လည်း ဘောင်ကျော်မိတဲ့အပြစ်အတွက်
ပေးဆပ်ရမယ့် နှောင်းမှရတဲ့အသိကို ဘယ်လိုအဆုံးသတ်ခြင်းနဲ့ အဖြေရှာမလဲ
မဖူးခင် ကြွေတော့မယ့်ပန်း ရင်မှာ လောင်မြိုက်တဲ့ မီးဒဏ်
လမ်းမှားလိုက်တဲ့ သမင်ငယ်လေးရယ်
အို မလန်းခင် မြေခမယ့်ပန်း ရင်မှာ လောင်မြိုက်တဲ့ မီးဒဏ်
လမ်းမှားလိုက်တဲ့ သမင်ငယ်လေးရယ်

PRE-CHO
သွေးတစ်စက်ကြောင့်လား ချွေးတစ်ပေါက်ကြောင့်လား
ရှင်သေမင်း ခံတွင်းမှာ လည်စင်းပေးရမယ့် အဖြစ်ပါလား
ဖြားယောင်းမှုလား နွမ်းပါးလို့လား
ရှင်သေမင်း ခံတွင်းမှာ လည်စင်းပေးရမယ့် အဖြစ်ပါလား
တားမြစ်ထားပါလျက်နဲ့ ဇွတ်မိုက်ခဲ့တဲ့ အပြစ်ဒဏ်
တကယ်ဆုံးရှုံးရမှာက ခန္ဓာရဲ့အသက်

CHORUS
ဘယ်သူမှ သူမရွေးဘူး အမှည့်ချွေမယ့်သူ
ဘယ်လောက်ဆိုးဆိုးကောင်းကောင်း ရက်စက်မယ့် ဒီသားကောင်
အပယ်ခံ ဘယ်ဘဝရောက်နေပါစေ ကြင်နာနှစ်သိမ့်ခြင်းမဲ့နိုင်လွန်းတဲ့
မာယာများနဲ့ လှည့်စားပြီး ရက်စက်ဦးမှာပဲ
အိုး အဆိုးဆုံးပဲ (AIDS)