တေးရေး – လင်းလင်း (CBC)
ဝမ်းနည်း ပူဆွေး လောကကမ္ဘာထဲ အားငယ် ညည်းတွားနေလား
ကြုံတွေ့တဲ့ ပြဿနာကြား ညှိုးငယ်မောပန်း ခွန်အားလျော့ပြီလား
စိတ်စေရာစိုင်း အကောင်းဆုံးပဲ အတ္တအထီးကျန်
မျှော်လင့်ချက်မေ့ကာ မျောလွင့်ပြီလား
ကားတိုင်ထက်မှာ အသွေးသွန်းခဲ့တာ ဒုက္ခကြီးမှ ကင်းစေခဲ့သော
မေတ္တာတရားဟာ အပြစ်ရှိသောသူ လူတိုင်းအတွက်
အပြစ်ရှိသောသူ ဘုရားမြတ်ရှေ့မှာ ဖြောင့်မတ်ခြင်းငှါ အသက်စွန့်ပြီး
ရွေးနှုတ်ခဲ့သူ ခရစ်တော်ရှေ့မှာ ခွန်အားမဲ့ အားငယ် စိတ်ပျက်နေလား
ချီးမွမ်းခြင်းယဇ် ကင်းဝေးနေလား
ကားတိုင်ထက် အသွေးသွန်းကာ ချမ်းသာဖို့ရန် ပေးဆပ်ခဲ့သော
မေတ္တာတရားဟာ အကြောင်းမဲ့ ဖြစ်နေလား
ထောင်လွှားမာန ရှိလို့နေလား အတွေးမှာ ဘဝအသက်တာထဲ
ခက်ခဲတဲ့ဘဝတွေအား မေ့ကာ ပျော်မွေ့ လောကအမှောင်ထဲ
စိတ်စေရာစိုင်း အကောင်းဆုံးပဲ အတ္တကြီးစွာ လျှောက်လှမ်းနေလား
ကားတိုင်ထက်မှာ အသွေးသွန်းကာ ဒုက္ခကြီးစွာပေးဆပ်ခဲ့သော
စွန့်လွှတ်ခြင်းဟာ အားနည်းသောသူ လူတိုင်းအတွက်
ဝန်လေးသောသူ ချမ်းသာပေးရန် မေတ္တာတရားဟာ
သင့်ရဲ့ရင်ထဲ ရှိနေဖို့ရန် ခရစ်တော်ပေးနေ သင်မသိသေး
မေတ္တာမဲ့လို့နေလား ပေးကမ်းခြင်းအမှု မေ့လျော့နေလား
ကောင်းကင်ထက်မှာ ရောက်စေဖို့ရန် အသွေးသွန်းကာ ပေးဆပ်ခဲ့ခြင်း
သင့်ရင်ထဲမှာ ဟူး မေ့လျော့ခဲ့ပြီလား