ပိတ်ဖြူမကယ်နိုင်သောလမ်း (ကမ်)

Record Tracklist

  1. ပိတ်ဖြူမကယ်နိုင်သောလမ်း (ကမ်) -:-- / 3:40

VERSE 1
အိပ်စက်တဲ့ဝိညာဉ် နိုးထ အသက်ဝင်ခဲ့
ပြောင်းလဲခြင်းတရားတွေ အသက်ရှင်နေ
စွဲမြဲတဲ့ သက်သေများလည်း ရှိခဲ့ပြီ
ထမြောက်ခဲ့ပြီ ခန္ဓာသင်္ချိုင်းတွင်းနဲ့လည်း မဆိုင်
တွေ့ရှိခဲ့ပြီ ရှင်သန်ခြင်းတရား ထို လက်ဝါးကားတိုင်

CHORUS 1
ဟိုတစ်ချိန်က (အပြစ်တွေအတွက်)
ဘုရားသခင်က (သားတော်အား)
စွန့်လေတာ (အပြစ်ရဲ့အစား)
အသွေးနဲ့အသား (နှုတ်ယူကာသွားခဲ့)
ခန္ဓာနဲ့အသက်စွန့်ရှာ ရပြီ ရှင်သန် ဒီတရား

VERSE 2
ပညတ်ချက် ပိတ်ဖြူ လောကတရားတွေလည်း
သင်္ချိုင်းတွင်းထဲ ကျန်ခဲ့လေပြီ
လျှို့ဝှက်လို့ ဆည်းဆာ ဂိုဏ်းဂနတံခါးများလည်း
ကုလားကာအစွန်းတိုင် ပြတ်သားစွာ ကြည်လင်စေပြီ
စုံလင်ခဲ့ပြီ တိုင်တော်ထက်မှာ

CHORUS 2
မျှော်လင့်ခြင်း (ပြည့်စေပြီ)
အပြစ်နာများ (ငြိမ်းကာသွား)
အမြဲထာဝရ (အသက်တည်ရာ)
ကားတိုင်မှာ (ပြည့်စုံကာသွားခဲ့)
ကယ်တင်ခြင်း ပေးခဲ့ရာ ရပြီ ယုံကြည်သူများ

BRIDGE
နေရောင်အောက်မှာ ထိုကားတိုင်တော်ရဲ့တရား
ငြိမ်သက်ခြင်းဟာ တိုင်တော်ထက်မှာ
(ပညတ်ချက်တွေ ခိုင်မာတည်ခဲ့ပေါ့ သင်္ချိုင်းလည်းမပိုင်
ထက်ရပ်ကောင်းကင် အိမ်တော်ရဲ့လမ်းမှာ တိုင်ပေါ် အသွေးစွန်းကာ)