အိပ်မက်ထဲကထာဝရနိုင်ငံ (ဇော်ပိုင်)

Record Tracklist

  1. အိပ်မက်ထဲကထာဝရနိုင်ငံ (ဇော်ပိုင်) -:-- / 4:22

တေးရေး – မောင်ခိုင်
တစ်ခုသောည မြင်မက်တဲ့ အိပ်မက်အလွန်ကြီးမား ကြောက်ဖွယ်
ရုပ်ထုကြီးကို မိန်းမော ငေးမိတယ်
ထိုခဏ၌ ကျောက်တုံးလေး ရုပ်ထုရဲ့ခြေအား ထိခိုက်တော့
အမှုန့်ဘဝပြောင်းကာ ပျက်စီး ပျောက်သွားတယ်

လူတွေကြံစည်တည်ထောင် အင်ပါရာ
သိပ်ကြီးကျယ်နေခဲ့လည်း အဆုံးတော့ ပျောက်သွားမှာပဲ
ယေရှုတည်ထောင်ထားတဲ့ မေတ္တာနိုင်ငံလေး အမြဲသာ
လူသားတိုင်းရဲ့ နှလုံးသား စိုးမိုးမယ်

အစအဦး၌ ငယ်သော်လည်း အဆုံးမှာအလွန်ကြီးပွားလိမ့်မယ်
မပြောင်းလဲတတ်တဲ့ ကျမ်းစကားရဲ့ ကတိတော်
မြေကြီးစွန်းထိ ပိုင်ထိုက်သောခွင့်နှင့် လူသားအမျိုးမျိုးကို
သင်၏ ဥစ္စာဖြစ်ရခွင့် ပေးမယ်