အတ္တမြုပ်နှံခြင်း(စွမ်နိုး )

Record Tracklist

  1. အတ္တမြုပ်နှံခြင်း(စွမ်နိုး ) -:-- / 3:55

ကိုယ်လျှောက်မယ့်လမ်းတွေကို ဘယ်လိုအတွေးများ တားဆီးပါစေ
နောက်ဆုံးထွက်မယ့်အဖြေဟာ အနိုင်အရှုံးတော့ တစ်ခုပါပဲ
ကိုယ်ပိုင်ခံစားချက်တွေနဲ့ အဖြေပေါ် ဖြေသာနိုင်ပါ့မလား
ဒီလိုအခက်အခဲ အတားအဆီးဟာ ကြုံတတ်စမြဲ

အမှန်တရားအတွက် သခင်ပါပဲ ဝေဒနာကို စွန့်လွှတ်ပစ်ထားပါ
ရင်ဆိုင်ရမယ့် လမ်းခရီးမှာ တွေေ၀ ငေးမောမသင့်ပါဘူး
အစေခံရာ ဒီလမ်းမှာ ကိုယ်ပိုင်ဆိုင်မှုများသေဆုံးပြီး
အရာရာအားလုံး သခင့်အတွက် အကောင်းဆုံး လုပ်ဆောင်ထား

အသိုင်းအဝိုင်းကဲ့ရဲ့မှုကြားထဲ သင် အပြုံးလေးမပျက်ပါနဲ့
ကိုယ်ပိုင်ခံစားချက်ရလဒ်တွေ မြေမြှုပ်လိုက်ပါတော့
အရာရာတွက် အရာရာတိုင်း ခွန်အားသစ်တိုးစေပါ
သခင့်အလိုကျ အမှုတော်ဆောင်ရွက်မယ်