ပြောင်းလဲခြင်းများနဲ့ ဒီကမ္ဘာမြေကြီး
ဘာတွေကို တပ်မက်နေလဲ
အဆုံးကျတော့ လူ့ဘ၀ အပြန်မှာ တစ်ယောက်တည်း
တွယ်တာစရာ မရှိတော့ပြီပဲ
အတ္တမီးများနဲ့ အမှောင်ကမ္ဘာလူသား
ပုံရိပ်တွေ ထုဆစ်နေသလား
မှားယွင်းခြင်း အတွေးသစ် ဘယ်လိုပြေမလဲ
လူဟာ မြေကြီးသားဖြစ်တယ်
စည်းစိမ်ဥစ္စာ ဓနတွေ တပ်မက်နေလား
ယေရှု သင့်စိတ်ထဲမှာ မေ့လိုက်ပြီလား
ရှောင်နိုင်ဦးမလား ဒီသေခြင်းတရား
ထာဝရလမ်းရှိနှင့်ထားပြီ
ဖန်ဆင်းခြင်းရဲ့အစ လူဟာမြေကြီး
ဘာတွေကို တပ်မက်နေလဲ