ကျမ်းစကားသက်သေ (တေးဆို – ဘရိတ်ကီ)

Record Tracklist

  1. ကျမ်းစကားသက်သေ (တေးဆို – ဘရိတ်ကီ) -:-- / 3:38

တေးရေး – ခိုင်သစ်အောင်
ဘာမှမသိသေးသောအရာများကို မျှော်လင့်ပြီး
သိမှတ်စွဲလန်း မျက်မှောက်ပြု
ကလေးလေးတစ်ယောက်ရဲ့ မိဘများကို ယုံကြည်တဲ့အတိုင်း
အဲဒါ ကျမ်းစကားထဲက ယုံကြည်ခြင်း

မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်နဲ့ လူအုပ်ကြီး
စားပြီးဝပြီး ပိုလျှံနေတယ်
ကျွေးမွေး ပြုစု ယုယခဲ့တာ ပုံပြင်မဟုတ်
အဲဒါ ကျမ်းစကားထဲက ချစ်သက်သေ

ဟို အဝေးကြီးမကြည့်နဲ့ နီးနီးလေး
နှုတ်ကပတ်ကျမ်းစကား ဖတ်ကြည့်လိုက်
ကောင်းကင်နှင့်မြေကြီး မတည်လည်း
ဘယ်တော့မှ မပျက်စီး နှုတ်ကပတ်တော်

တစ်ပါးတည်းရှိသော သားတော်ရင်းကိုမှ မနှမြော
ဒို့အတွက် အသက်စွန့်ဖို့ပေးလေပြီ
နှိမ့်ချခြင်းနဲ့ မွေးဖွားခဲ့တာ ပုံပြင်မဟုတ်
အဲဒါ ကျမ်းစကားထဲက ချစ်သက်သေ