ကိုယ်တော်နဲ့ဝေးသွားလို့မဖြစ်ဘူး(ချောစုခင်)

Record Tracklist

  1. ကိုယ်တော်နဲ့ဝေးသွားလို့မဖြစ်ဘူး(ချောစုခင်) -:-- / 4:08

ကိုယ်တော်နဲ့ ဝေးသွားလို့ မဖြစ်ဘူး
ကိုယ်တော်နဲ့ ဝေးသွားလို့ မဖြစ်ဘူး
ကျွန်ုပ်နှလုံးသားအတွင်းဆီမှ

လျှောက်လှမ်းတဲ့ လမ်းခရီးရဲ့ ရှေ့မှာ မျှော်လင့်ချက်များနဲ့ ကြည့်မိရာ
ခက်ခဲခြင်းတွေ တကယ်များ
တစ်ယောက်တည်းသာ သွားမရမှန်းသိလည်း
ရင်ထဲမှာ တင်းကြပ်တဲ့ အဖြေရယ်
ဘယ်သူများ အားပေးမှာလဲ

ငြိမ်သက်ခြင်းများ မရရှာတဲ့
ဦးနှောက်အသိဉာဏ်က သိလိုက်တဲ့အရာဟာ
ကိုယ်တော်နဲ့ ဝေးသွားလို့ မဖြစ်ဘူး
ကိုယ်တော်နဲ့ ဝေးသွားလို့ မဖြစ်ဘူး
ကျွန်ုပ်နှလုံးသားအတွင်းဆီမှ အကြိမ်ကြိမ် တောင့်တလိုက်ပြီ

ဝန်လေးသူအပေါင်းတို့ စုဝေးရာ အဖဘုရားသခင်ရဲ့ အရိပ်အောက်မှာ
ခိုဝင်ခဲ့မိသူ ကျွန်ုပ်ရဲ့ အသွေးအသားတွေထဲမှာ
အဖဘုရားသခင် ထိတွေ့မှုကြောင့်သာ စိတ်ထဲမှာ အေးချမ်းသွားခဲ့တာ
အို အဖြစ်မှန်ပါ