ကိုယ်တော်ဘယ်လိုပြင်ဆင်မလဲ

Record Tracklist

  1. ကိုယ်တော်ဘယ်လိုပြင်ဆင်မလဲ -:-- / 5:06

တေးရေး – နဲတာ

အမှားကြီးမှားခဲ့ မှားနေပြီဆိုတာ ဦးနှောက်က လုံး၀ သိခဲ့တယ်
ဆင်ခြင်နိုင်စွမ်း ကင်းမဲ့လွန်းလို့ လူဆိုးလေးတွေကို
ကိုယ်တော် ဘယ်လိုပြင်ဆင်ပေးမလဲ

ဘုရားကျောင်းလည်းမပျက် တက်ခဲ့တယ်ဆိုပေမယ့်
ဘုရားကျောင်းကအထွက် အမှားလမ်းထဲ
ရောင်စုံညမီး ပြပြအောက်မှာ ရီဝေမျက်လုံးလေးတွေနဲ့
ကိုယ်တော် ဘယ်လိုပြင်ဆင်ပေးမလဲ အပြစ်သားများအတွက် အို

အပြစ်သားလေးများ ဆုတောင်းနေသောအသံ
နားညောင်းကာ အပြစ်များ ခွင့်လွှတ်ပေးပါ
နောက်ထပ်အမှားများ ထပ်မမှားစေဖို့ရန်
အပြစ်သားများ နှလုံးသားမှာ ကိုယ်တော် ကိန်းဝပ်မူပါ

ဘုရားကျောင်းလည်းမပျက် တက်ခဲ့တယ်ဆိုပေမယ့်
လူတွေအမြင်မှာတော့ သိပ်ဟုတ်နေတယ်
ဒါကို သခင်ဘုရားက သိနှင့်တယ် ဘယ်လိုလုပ်မလဲ
ကိုယ်တော် ဘယ်လိုပြင်ဆင်ထားမလဲ