ရှေးလွန်လေ နှစ်ပေါင်းများစွာတွင်
အဝေး ကရာနီရဲ့ ဆည်းဆာချိန်
ကမ္ဘာသူ ကမ္ဘာသားအတွက် အပြစ်ကြွေးတွေ
အသွေးနှင့် ရွေးနှုတ်ရန်ရည်ရွယ်
အမှားအမှန်ကို မြင်လည်း လွှဲရှောင်ဖယ်
တရားမဆင်ခြင်နိုင် လမ်းလျှောက်သူအတွက်
ထိုကရာနီလမ်းကို သူရွေးချယ် ရဲရင့်ခဲ့ပြီလေ
ခန္ဓာကိုယ်ခြွေ အသက်စတေးခဲ့
စင်ကြယ်စေပြီ အပြစ်ကြွေးတွေ
ကျေစေခဲ့ပြီ လူသားအတွက် အသက်စွန့်ပြီလေ
အလင်းအရုဏ်မနက်ခင်း လင်းလာချိန်
အားငယ်နေသူအတွက် အားမာန်အသစ်
အောင်မြင်နိုင်ခြင်းနဲ့ ခရစ်တော်
လောကသားအတွက် ရှင်ပြန်ပြီ
မကောင်းမြင်အရာတွေ စိုးမိုးရာမြေ
မေတ္တာတော်အရောင်နှင့် လွှမ်းခြုံစေ
ကမ္ဘာသူ ကမ္ဘာသားအတွက် မျှော်လင့်ရာအား ပေးစွမ်းခဲ့ပြီလေ
ရှင်ပြန်လေပြီ အရှင်ခရစ်တော်
အောင်မြင်လေပြီ သေခြင်းမာန်
အသက်လမ်းကို လူတိုင်းအတွက် ပြပြီလေ