ကိုယ်တွေ့

Record Tracklist

  1. ကိုယ်တွေ့ -:-- / 3:15

VERSE 1
မနက်ဖြန်ကျရင် ဘာလုပ်မယ် ကိုယ့်စိတ်ကူးနဲ့ အစီအစဉ်ဆွဲ
အဲဒီ မနက်ဖြန် တကယ်ရောက်ဖို့ မသေချာဘူးကွယ်
အသက်ငယ်သေးတယ် အချိန်ရှိတယ် တွေးနေမိရင် တကယ်မှားမယ်
ကိုယ်တိုင်မတွေးခဲ့ရင် ဆင်ခြင်မိနိုင်ဖို့ ဝေးမယ်

CHORUS
ကိုယ်တိုင်ကြုံမှသိတယ် ကိုယ်တိုင် မပိုင်တဲ့အသက်ရယ်
သေချာ မရေရာနိုင်ဘူး လူ့ဘဝဟာ အခိုးအငွေ့ပါ
ဘယ်အချိန်ကြုံမလဲ မသိတယ် တစ်ချိန်ချိန်မှာတော့ တွေ့မယ်
သေချာ အဖြေတွေရှိထား အသင့်ဖြစ်စေချင်တယ်
(ကိုယ်တော်ရှင်က ဒို့အတွက် အဖြေပါပဲ)

VERSE 2
အလှပဆုံး ဒီဘဝများလည်း ပန်းပွင့်လေးတွေလိုပါပဲ
ခဏတာလေးသာ ပွင့်လန်းပြီး ကြွေရဦးမယ်
နေ့ရဲ့အလင်းတွေ ကုန်ဆုံးရင် ညအမှောင်ထုကို ကြုံရမယ်
ကိုယ်တိုင်မတွေးခဲ့ရင် ဆင်ခြင်မိနိုင်ဖို့ ဝေးမယ်