သောကမီးငြိမ်းဖို့ရန်

Record Tracklist

  1. သောကမီးငြိမ်းဖို့ရန် -:-- / 3:04

VERSE 1
အသက်လမ်းမုန်တိုင်းကြမ်း တိုက်ခတ်သောခဏ ကျွန်ုပ်စိတ်မှာ
ငြိမ်သက်ခြင်း အလျင်းမရှိ စိတ်လေပွေပမာ လှုပ်ရှားလာ
လေမှာလွင့် သစ်ရွက်ပမာ အမှန်းအဆမရှိပါ ထိုစဉ်အခါ
စိတ်နှလုံးကြောင့် သောကမီးတွေ ပူလောင်လာ

CHORUS
သောကမီးငြိမ်းဖို့ရန် အတတ်နိုင်ဆုံး ကြိုးစားသည့်အခါ
စိတ်ဘဝင်နှလုံး အေးချမ်းစေရန် ခရစ်တော်ရှင်သာ အဓိက
ဘုန်းတော်အား ချီးမွမ်းကာ အသက်တာလမ်းမှာ ကိုယ်တော်အား
အစဉ်သတိရ ငြိမ်းချမ်းဖို့ရန် မြင်လာတာ