တေးရေး – သောမတ်စ်
နုံခြာပါတယ် ကျွန်ုပ်ဘဝရဲ့ ဒုက္ခဆင်းရဲကြောင့်
ဝမ်းမနည်းပါဘူး ညည်းတွားမနေဘူး
အိမ်အကာအရံ ပြုတ်ပျက်ကျလို့ အမိုးလည်း မလုံလည်း
တဲအိမ် ရွှေနန်းထက်သာတယ်
အသက်စွန့်ချစ်တဲ့ ကျွန်တော့်အဖရဲ့ ဒုက္ခနဲ့စာရင်
ဆင်းရဲခြင်းက သူ့ရဲ့ ခြေမှုန်လေးတစ်စက်မှ မမှီတယ်
ဒုက္ခရောက်ခိုက် အားပေးစကားလေး ကျွန်တော့်အတွက်ဆိုတယ်
သားရယ် ရှေ့ရေးအတွက် မပူနဲ့
ဝဿန်ကာလ မိုးလေးဖြန်းရင် ရွှဲရွှဲလို့စိုတယ်
ကျေးဇူးတော်ကို ချီးမွမ်းနေဆဲ
ဟေမာန်ရာသီ ဆောင်းနှင်းလေး မေးခိုက်ခိုက်တုန်လည်း
ချမ်းပါစေ ကျေးဇူးတော်ပဲ
နေစရာအိမ်မရှိတဲ့ အဖရဲ့ ဒုက္ခဆင်းရဲမျိုး
ကျွန်တော့်အတွက် တကယ်တော့ ကင်းဝေးစေတယ်
ယာယီစံရာ တဲနန်းလေးမှာ အားလုံးပြည့်စုံတယ်
အလုံးစုံဟာ ကျေးဇူးတော်ပဲ