ချီးမွမ်းသီဆို

Record Tracklist

  1. ချီးမွမ်းသီဆို -:-- / 2:44

စုံလင်တဲ့ အသွေးရောင်နဲ့ တူညီတဲ့အပြုံးတွေအတွက်
ကျေးဇူးတော်ကို ချီးမွမ်း
ရေမြေရယ်တောတောင်နဲ့ ရာသီနွေမိုးဆောင်းအတွက်
ကျေးဇူးတော်ကို ချီးမွမ်း

ဖန်ဆင်းခြင်းအရာများအတွက် ချီးမွမ်းလျက် သီချင်းဆို
ဖခမည်းတော်နှင့် သားတော် သန့်ရှင်းဝိညာဉ်တော်ကို
ထိုအကောင်းဆုံးအရာများအတွက် ချီးမွမ်းလျက် သီချင်းဆိုမည်
လာကြ ချီးမွမ်း ထိုအရှင်ကို
(လာကြ ချီးမွမ်းဆို လာကြ ချီးမွမ်းဆို လာကြ ချီးမွမ်းထိုအရှင်ကို)

ဝေဟင်ယံမိုးမြင့်ထက် အရောင်စုံတဲ့ ကျေးငှက်အတွက်
ကျေးဇူးတော်ကို ချီးမွမ်း
ထာဝစဉ် စီးဆင်းဆဲ ချိုမြိန်သက်စမ်းရေအတွက်
ကျေးဇူးတော်ကို ချီးမွမ်း

သန်းခေါင်ယံညချမ်းအချိန်နဲ့ သာယာတဲ့နေ့သစ်အတွက်
ကျေးဇူးတော်ကို ချီးမွမ်း
သက်မဲ့အရာအားလုံးနဲ့ သက်ရှိအရာအားလုံးအတွက်
ကျေးဇူးတော်ကို ချီးမွမ်း