ကိုးစားမျှော်ကြည့်ရာ – ရတနာဦး

Record Tracklist

  1. ကိုးစားမျှော်ကြည့်ရာ – ရတနာဦး -:-- / 4:14

VERSE 1
လူ့ဘဝကြီးထဲမှာ နေထိုင်လို့ အသက်ရှင်စဉ်
စုံစမ်းမှုတွေ အမြဲတမ်း တွေ့ကြုံမယ်
ရည်မှန်းချက်ပန်းတိုင်များ နီးလျက်နဲ့ ဝေးရချိန်
ကိုယ်တော်ရှင်ကို မျှော်ကြည့်လိုက်ပါ

VERSE 2
တရွေ့ရွေ့ပြောင်းလဲနေ ဒီကမ္ဘာကြီး အကျင့်စရိုက်တွေ
ရင်ထဲ နွမ်းနယ် နှလုံးသားမြိုက်လောင်ကျွမ်း
ပူဆွေးသောကစိတ်များနဲ့ ဝန်ထုပ်လေး မောပန်းချိန်
ကိုယ်တော်ရှင်ကို မျှော်ကြည့်လိုက်ပါ

CHORUS
လိုအပ်မှုများ ခရစ်တော်ရှင်သခင် ပေးလို့နေ
လျှောက်လှမ်းရမယ့် ဘဝရဲ့ ရှေ့ခရီး မျှော်လင့်ခြင်းခွန်အား
ကြေမွနေသော နှလုံးသားများအတွက် အေးမြအသက်စမ်းရေ
ကိုယ်တော်ရှင် ခရစ်တော် ပေးနေပြီ