VERSE 1
နေချင်ပါသော် နေလို့မရ
ပျော်ချင်ပါသော် အဖော်မဲ့ အထီးကျန်နေ
ကြွေချိန်မတန်ခင် ကြွေမယ့်ဘဝတွေ
လူရယ်ဖြစ်လည်း လူသားအဓိပ္ပါယ်ပျောက်ဆုံးခဲ့
VERSE 2
အမှောင်အဖော်ရှာ အဆိပ်အလွမ်းည
အပျော်လွန်ချိန်မှာ သေမင်းပြုံးရယ်နေ
ဝေဒနာဖွေရှာ ဝယ်ခဲ့ ဘဝတွေ
လူဖြစ်ရှုံးခဲ့ လူသားများစွာ ကမ္ဘာကြီးထဲ
CHORUS
ကယ်ပါကူပါ အော်ဟစ်နေ
သေမယ့်အချိန် စောင့်ဆိုင်းရင်း လွတ်မြောက်ဖို့ကို
ကယ်တင်ရှင်ဘယ်မှာလဲလေ မျှော်လင့်နေ
အပြစ်သားတွေ မျှော်လင့်ချက် နေဝင်လုနီး
အမှန်ကို ဖွေရှာ သမ္မာတရားတွေ ရှိထားနေ
လူသားအတွက် အသက်စွန့်လွှတ်လို့
ဝေဒနာဝယ်ယူသူရှိနေ ရှာကြည့်လေ
ယုံကြည်လိုက် အဖြေမှန်ရမယ်
VERSE 3
ကမ္ဘာမြေတုန်ခါ အောင်ပွားများ
လူကို စိန်ခေါ် သေမင်းရောဂါတွေ
စာတန်တမန်အံသွားကြား
လူဖြစ်ရှုံးခဲ့ လူသားများစွာ ငိုကြွေးရင်း