ဧမာနွေလ – ဇမ်နူး

Record Tracklist

  1. ဧမာနွေလ – ဇမ်နူး -:-- / 4:51

တေးရေး – အင်ဗျဲမ်းလေး

VERSE 1
အကောင်းမြတ်ဆုံးသောဘုရား အကြီးမြတ်ဆုံးသောဘုရား
ဆိုတာထက် ပိုတဲ့စကားလုံးတွေ ရှိသေးလား
ကြားကြားသမျှသံစဉ် ရှိရှိသမျှ စာသားတွေနဲ့
ကိုယ်တော်ကို ကိုးကွယ်နေဖို့ ကိုယ်တော်ကို ချီးမွမ်းဖို့
ကိုယ်တော်ကျွန်ုပ်ကို ဖော်ပြဦး ကိုယ်တော်မရှိရင် တကယ်မဖြစ်လို့

VERSE 2
သစ္စာရှိသောဘုရား ဂတိတော်ထားသောဘုရား
ဆိုတာထက် ပိုတဲ့စကားလုံးတွေ ရှိသေးလား
ကျွန်ုပ်ရဲ့ဘဝတစ်ခုလုံး နှလုံးသားထဲ ဆာငတ်နေလို့
ကိုယ်တော်ဟာ အမြဲအလိုအပ်ဆုံး ကိုယ်တော်ဟာ ကျွန်ုပ်ဘဝအတွက်
တကယ်ကို မရှိမဖြစ် အရာအားလုံး ကိုယ်တော်မရှိရင် တကယ်မဖြစ်လို့

CHORUS
ဧမာနွေလ ကိုယ်တော်မရှိရင် အသက်မရှင်ချင်
ဧမာနွေလ ကိုယ်တော်ရှိမှ ပြည့်စုံသည်
ဧမာနွေလ ကိုယ်တော်မရှိရင် တကယ်မဖြစ်သည်