အလှကမ္ဘာ – ဆူးလေး + လင်းဒါ

Record Tracklist

  1. အလှကမ္ဘာ – ဆူးလေး + လင်းဒါ -:-- / 5:13

တေးရး – ဆူးလေး

VERSE 1:
နံနက်ခင်းရဲ့အချိန်လေးမှာ အဝေးကိုငေးကြည့်ကာ
ငှက်ကလေးတွေ ပျံသန်း ပျော်ရွှင်ဆဲလား
(အရုဏ်ဦးရဲ့အချိန်လေးမှာ အလှတရားကိုတွေ့ရဲ့လား
အလှဆုံးပန်းချီကားနဲ့ ရောင်စုံခြယ်လိုက်ကွယ်)

VERSE 2:
ပန်းလေးတွေပွင့်ကာရယ် မြေပြင်ထက်မှာ
ရောင်စုံတွေဝေဖြာ ဖူးပွင့်ဆဲလား
(ချီးမွမ်းကာရယ် မဆုံးနိုင်ပါ ဒီဘဝဆုံးတိုင်
ကိုယ်တော်ဖန်ဆင်းထား လောကရဲ့အလှကမ္ဘာ)

CHORUS:
ဗေဒါပန်းလေးတွေ ရေစုန်မျောလို့နေ
(စမ်းချောင်းလေးလည်း စီးဆင်းကာရယ်)
စိမ်းလန်းသောတောတောင် သဘာဝအလှတွေ
ဘုရားမြတ်ရဲ့လက်ရာတွေပဲ
(ဟိုအဝေးက ကြယ်စင်တွေ ကြည့်လိုက်ပါ ကြင်သူရယ်
အရာရာအားလုံးဟာ ကိုယ်တော်၏လက်ရာ)