လှမ်းလို့အမီ ကမ်းအဝေး – စံပီး + ဂျေမိုး

Record Tracklist

  1. လှမ်းလို့အမီ ကမ်းအဝေး – စံပီး + ဂျေမိုး -:-- / 3:41

တေးရေး-

VERSE
ဝင်လာပါ နောက်မကျခင် ဖြတ်လျှေက်လိုက်ပါ
နောင်တလမ်းမှာ ခေါ်သံကြားလား
ပစ်မှတ်များလွဲခဲ့ ဘဝရဲ့အဓိပ္ပါယ်
ပျက်စီးခြင်းမှာ ဝင်လာပါ ကြေကွဲခြင်း
ကိုယ့်အားနဲ့ ကြိတ်မှိတ်ရင်ဆိုင်
ပင်လယ်ကိုဗဟိုပြုရင်း အနိုင်ယူလိုခြင်း စိတ်နဲ့

CHORUS
ကမ်းအဝေး (ဘယ်သူကူမလဲ)
ကမ်းအဝေး (ကယ်တင်သူလည်းမရှိ)
ပင်လယ်ရေသောက်ရင်းနဲ့ ရေငတ်ရင်း
(လိုနေသက်စမ်းရေ) ကမ်းအဝေး
(ဘယ်သူလာပေးမလဲ) ကမ်းဝေး
မြင်နေပေမယ့် လှမ်းလို့မမီ ကမ်းအဝေး

VERSE 2
အရှုံးမပေးတဲ့စိတ်ဓါတ်နဲ့ အားတင်းခဲ့လေ
ကြေကွဲမျက်ရည် ဘယ်သူပေးနေ
ကျောခိုင်းလို့သွားခဲ့ မျှော်လင့်ချက်နေ့တွေ
ပျောက်ဆုံးခဲ့ပြီ အဖြေရယ် မရှိပြီ
ဆုံးဆုံးနစ်မြုပ်လို့ချိန်မှာ ဝေဟင်ကို မျှော်ကာကြည့်ရင်း
နာကျင်ကြေကွဲခြင်းနဲ့

BRIDGE
ကရာနီရဲ့သက်သေ အေးစက်လို့နေ
လှေစီးရင်း ရေငတ်လို့နေရင်း အို အို