ဘဝနေရာ – စောခူဆဲ

Record Tracklist

  1. ဘဝနေရာ – စောခူဆဲ -:-- / 4:28

ဘဝရဲ့နေရာ
တေးရေး-စောခူဆဲ

မှောင်နေသာ ကျွန်ုပ်၏လမ်းကိုလင်းစေပြီ
အသက်၏ခိုလှုံရာဖြစ်သည်
ဘယ်အရာမှကျွန်ုပ်အတွက်ကြောက်စရာမရှိတော့ပြီ
ကိုယ်တော်ရှင်ကွယ်ကာတော်မူပြီ
ခဲယဉ်းဆိုးယုတ်မှုကြားကျွန်ုပ်အား
ပျော်ရွှင်ငြိမ်သက်ခြင်းပေးပြီ

ရန်သူများကျွန်ုပ်အနားမှာတပ်ချပြီး
တိုက်ခိုက်ရန်ကြံစည်သော်လည်း
တုန်လှုပ်ခြင်းကင်းလွတ်၍ငြိမ်ဝပ်ခဲ့ပြီ
ကိုယ်တော်ရှင်ကွယ်ကာတော်မူပြီ
တိုက်ခိုက်ထိုးနှိပ်မှုကြား ကျွန်ုပ်အား
ရင်ဆိုင်အောင်မြင်ခွင့်ပေးပြီ

ချီးမွမ်းမည် ကိုယ်တော်ရဲ့ကျေးဇူးတော်
အသက်တာမှာ မကုန်ဆုံးနိုင်ပါ
ကျွန်ုပ်ဘဝမှာ ဘယ်အရာမျှ မကြောက်တော့ပါ
ကိုယ်တော်ရှင်ကွယ်ကာလမ်းပြမှာ
ခိုလှုံကိုးစားရာ ဘဝရဲ့နေရာ