ခြေလှမ်းသစ်ဆီပို့ဆောင်ပါ (ဦးညွန့်လှ)

Record Tracklist

  1. ခြေလှမ်းသစ်ဆီပို့ဆောင်ပါ (ဦးညွန့်လှ) -:-- / 4:22

တေးရေး-ဒေးဗစ်သန်းလွင်

Vs-
(တွေဝေရင်း ငေးမောရင်းနဲ့
လျှောက်လှမ်းဆဲဘဝအသက်တာမှာ
ယေရှုဘုရားရဲ့လမ်းပြမှုကို
တောင့်တကာနေသူပါ

Cho:
အဖဘုရားရဲ့ မေတ္တာအလင်း
ကျွန်ုပ်အသက်တာမှာ
အမြဲတမ်း အချိန်တိုင်းလင်းစေပါ
ကျေးဇူးတော်သွန်းလောင်းမူပါ
ရှုပ်ထွေးနေသော အသက်တာအား
အို . .သခင်ဘုရား အို. . .အရှင်ဘုရား
ရှင်းလင်းပေးမူပါ)၂

Vs-2
လောကရဲ့အဏ္ဏဝါထဲမှာ
ကူးခတ်လို့နေဆဲပါ
ကြိုးစားကာ မာန်တင်းလဲ
နစ်လုစဥ်အပြစ်သားပါ

Cho:
သန့်ရှင်းသောဝိညာဥ်ဘုရား
လမ်းပြပေးမူပါ
ဟောင်းသောခြေလှမ်းပြောင်းကာ
အသစ်သောခြေလှမ်းသို့သာ
ကျွန်ုပ်လျှောက်သော အသက်တာမှာ
အို သခင်ဘုရား အိုအရှင်ဘုရား
လမ်းပြပို့ဆောင်ပါ
(အို သခင်ဘုရား အိုအရှင်ဘုရား
လမ်းပြပို့ဆောင်ပါ)