စစ်မှန်ခြင်းသို့-ထူးအိမ်သင်

Record Tracklist

  1. စစ်မှန်ခြင်းသို့-ထူးအိမ်သင် -:-- / 3:32

VERSE 1
ဒုစရိုက်အဆိုးနဲ့ လမ်းများပေါ်မှာ အချိန်တွေဖြုန်းရင်း
ဘုရားကျောင်းလေးနဲ့ တဖြည်းဖြည်း ဝေးလွင့်ကာ
ဟိုးတုန်းက ငြိမ်းချမ်းခြင်းတွေ တမ်းတလို့ သတိရမိတယ်
စွန်းထင်းဆဲ အမဲစက်များကို ရွံ့ရှာမိပြီ

VERSE
မှားမိခဲ့သမျှ စွန့်ပစ်ကာရယ် သခင်ခြေရင်းမှာ
ခွင့်လွှတ်ဖို့အတွက် ဒူးထောက်တောင်းလျှောက်ကာ
ဘဝသစ်တစ်ခု အစပြုလို့ရယ် ဘုရားမြတ်အတွက် ဆက်ကပ်ဖို့ကွယ်
ရှင်းသန့်တဲ့ နှလုံးသားနဲ့အတူ ပြန်လာခဲ့ပြီ

CHORUS
ကယ်တင်ရှင်သခင်ထံ ခိုလှုံအားယူမယ်
အလင်းမဲ့တဲ့လောကကြီးကို ပဲ့ကိုင်မယ်
ဝင်းမှည့်တဲ့ စပါးခင်းထဲကို သွားမယ်ကွယ်
နိုင်ငံတော် ကြီးမားတိုးတက်ဖို့လေ
ဒို့ရဲ့ အစွမ်းတွေ ပေးဆပ်ကြမယ်

VERSE 3
ဘုရားကျောင်းလေးရဲ့ ခေါင်းလောင်းသံတွေ ချိုမြိန်ခဲ့ပြီ
ဝမ်းမြောက်ခြင်းနဲ့ သခင့်ရဲ့ရှေ့မှောက်မှာ
ချီးမွမ်းသီချင်း ကျူးဧလို့ရယ် လိုက်လျှောက်ဖို့ အသင့်ရှိလို့နေ
ရှေ့ဆက်မယ့် အသွေးသားဝိညာဉ် ပျော်ရွှင်သွားပြီ