နေ့သစ်ခွန်အား-စောဝင်းလွင်

Record Tracklist

  1. နေ့သစ်ခွန်အား-စောဝင်းလွင် -:-- / 4:01

တေးရး – စောဝင်းလွင်

VERSE 1
အမြဲတမ်းပဲ စိမ်းလန်းနေစေရန်
ဟောင်းနွမ်းသောနေ့ရက်သဘောတွေ ပြောင်းလဲနေ
ကြုံလာမယ် နေ့သစ်ညနေ ဆီးလို့ကြို
ယုံကြည်ရင်း မျှော်လင့်ဆဲပါ

VERSE 2
ဆိုးညစ်တဲ့အရိပ်များ ကင်းစေပြီး
လတ်ဆတ်တဲ့နေ့ရက်သစ်တွေ ဆီးလို့ကြို
ဘယ်သူမဆို လွတ်လပ်ခွင့်ကိုပေးလို့နေ
ယူဆောင်ပါ နေ့သစ်ခွန်အား

CHORUS
ပင်ပန်းခြင်း မောပန်းခြင်းများ ကင်းဝေးရာ
လိုနေ ခွန်အားများ ပြည့်စေမှာ
ခန္ဓာကိုယ်အားနည်းစိတ်တွေရဲရင့်စေ
ကရာနီလမ်း အမြဲတမ်းသက်သေပေ

VERSE 3
အတွေးအားလုံး ရှေ့ရပ်ဦးတည်နေ
အားနည်းခြင်း ဘဝဟောင်းများစွာ ကျောခိုင်းလာ
နေဝင်ရာအရပ်မှ ဘဝကို အစပြုကာ
ကိုယ်တော်ကိုသာ အစဉ်မျှော်ကြည့်ပါ