ကိုယ်တော်ပြုသောအမှု-Lလွန်းဝါ

Record Tracklist

  1. ကိုယ်တော်ပြုသောအမှု-Lလွန်းဝါ -:-- / 3:45

VERSE 1
ဂုဏ်ယူဝံ့ကြွားစရာအချက် ဘာတစ်ခုမှမရှိ
ဝမ်းနည်းလို့သာ နေရင်း ပူပင်စရာသောကတွေကြား
အံကြိတ်ကာ ဇွတ်တိုး မိုက်ဆိုးလို့နေလည်း
ဖန်ဆင်းရှင် ကိုယ်တော်ဘုရား ခေါ်နေတယ်

VERSE 2
ပျော်ရွှင်ခြင်း လွန်ကဲ သာယာခြင်းတွေထဲ
မူးယစ်လို့သာ လွင့်မျော ကိုယ်ခန္ဓာရက်နီးသူများ
ကိုယ်တော်ထံ နောင်တနဲ့အတူ ဝင်ရောက်တောင်းပန်လျှင်
အပြစ်လွှတ်ခြင်းအမှုကို ကိုယ်တော်ပြုလေပြီ

CHORUS
ဖြောင့်မတ်သောသူကို နောင်တသို့ ခေါ်ခြင်းငှါ
ကိုယ်တော်ကြွလာသည် မဟုတ်
ဆိုးသောသူတို့ကို နောင်တသို့ ခေါ်ခြင်းငှါ /
ပျောက်သောသူတို့ကို ရှာ၍ ကယ်အံ့ငှါ
ကိုယ်တော်ကြွလာသည်

VERSE 3
ကရာနီကားတိုင်ထက် ကိုယ်တော်ဘုရားနဲ့အတူ
ကွပ်မျက်ခြင်းကို ခံပြီး ရာဇဝတ်လူဆိုးကြီးတောင်မှ
ယနေ့တွင် ငါနဲ့အတူ ပရာဒိသုဘုံ၌
ရှိမည် ကိုယ်တော်မိန့်ဆိုခဲ့

VERSE 4
လူတွေအပေါ် ခေါင်းပုံဖြတ် အကြင်နာကင်းမဲ့စွာ
အမြတ်ရဖို့သာကြံတဲ့ အခွန်ခံ ဇာတိသားတောင်မှ
ကိုယ်တော်ထံ နောင်တနဲ့အတူ ဝင်ရောက်တောင်းပန်လျှင်
အပြစ်လွှတ်ခြင်းအမှုကို ကိုယ်တော်ပြုလေပြီ