နောက်ဆုံးညစာ-Tony

Record Tracklist

  1. နောက်ဆုံးညစာ-Tony -:-- / 6:30

VERSE 1
ကရာနီတောင်ပေါ်၌ အသက်တော်မစွန့်ခင် ဂျေရုစလင်မြို့ရဲ့ တစ်နေရာ အထက်ခန်းတွင်
ရွေးကောက်တော်မူခဲ့သော အပေါင်းတပည့်တို့နှင့် ကိုယ်တော်ရှင်သည် ညစာ စားခဲ့သည်

VERSE 2
ထိုအချိန်ဝယ် စားပွဲမှ ထတော်မူလျက် ယေဇူးသည် ခွက်ဖြင့် ရေကို ယူပြီးလျှင်
နှိမ့်ချသော စိတ်သဘောထားဖို့ တပည့်တော်တို့၏ ခြေကို ရေဖြင့် ဆေးကာ ပြခဲ့သည်

VERSE 3
ပေါင်မုန့်နှင့် စပျစ်ရည်ကို ယူတော်မူပြီး စားကြပါ ငါ၏ ချစ်သား တပည့်အပေါင်းတို့
ဤအရာသည် ငါ၏ အသားနှင့်အသွေးတော်ဖြစ်သည် ဤသို့ ပြုတိုင်း ငါ့ကို သတိရပါ

VERSE 4
ပဿခါပွဲညစာကို စားလျက်ရှိစဉ် ယေဇူးသည် အလွန် ဝမ်းနည်းစွာ မိန့်ကြားသည်
သင်တို့တွင် ကောက်ကျစ်သော တပည့်မိုက်တစ်ယောက်သည် ရန်သူတွေထံ ငါ့ကို နှင်းအပ်မည်

(အိုသခင် အကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူ ထောင်တွင်းသို့လည်းကောင်း
အသေသတ်ခြင်းငှါလည်းကောင်း လိုက်ခြင်းငှါ အသင့်ရှိပါ၏)

VERSE 5
အို ပေတရု နားထောင်လော့ သင့်အားပြောမည် ဤည၌ ကြက်ဖနှစ်ကြိမ် မတွန်သေးခင်
ငါသည် ရန်သူ လှောင်ချိုင့်အတွင်း ဆင်းရတဲ့အခါ သင်သည် ငါ့အား သုံးကြိမ် ငြင်းလိမ့်မည်

VERSE 6
ယုတ်ညံ့သော ဖာရိရှဲနှင့် တပည့်အပေါင်းတို့၏ မမှန်ကန်သော စွဲချက်တင်အား ပြုအားကို
မလွန်ဆန်နိုင်သူ ပိလတ်တုမင်း ဘုရားမြတ် အသက်ကို သတ်ခြင်းပေါ်တွင် သတ်ရန် အမိန့်ချသည်

ENDING
ဤကမ္ဘာမြေမှာအပြစ်သားများ ကျွန်ုပ်အတွက်သာ
ကိုယ်တော်ရှင်သည် အသက်တော်စွန့်ခဲ့သည်
No comments: