တေးရေး – စံပီး
ခဏတာအတူဆုံချိန်လေးရယ်
တစ်ချိန်မှာကုန်ဆုံးသွားတော့မယ်
အတူတူ အမြဲရှိခွင့်ရချင်လည်း
တစ်နေ့မှာ ပြန်ဆုံနိုင်လိမ့်မည်
ယုံကြည်နေရင်းအခုတော့လေ
တို့တတွေ နှုတ်ဆက်ရပြီပဲ
သီချင်းများဆိုညည်းရင်းပျော်ဖူးခဲ့တဲ့အချိန်လေး
အမြဲတမ်းငါသတိရကာတမ်းတနေမယ်
နှောင်းခဲ့တဲ့ အတိတ်နေ့တွေ မေ့ဖို့မလွယ်တော့ဘူး
ဘယ်လိုချိန်မှာ တို့ပြန်တွေ့ရမယ်
ယုံကြည်နေရင်း စောင့်နေခဲ့
ထာဝရမပြီးဆုံးတဲ့သီချင်းတို့နဲ့
ဂုဏ်တော်ကို ချီးမွမ်းရင်း တို့ဆုံမယ်
အတူတူ တွေ့ရမယ့်အချိန်တစ်နေ့တော့ရောက်မယ်
တို့ရဲ့ အဖအလိုတိုင်း စောင့်မျှော်ဆဲ