တေးရေး – စံပီး
အမေသားသမီးအတွက်ဆိုရင်
မမောပန်းတတ်သလိုမျိုး
အနှိုင်းမဲ့အချစ်များပေးတယ်အစဉ်လမ်းပြနိုင်သူရယ်
နောက်တစ်ယောက်မရှိနိုင်တဲ့အမေ
အဖေနွေမိုးဆောင်းပြောင်းနေလဲ
မပြောင်းလဲအချစ်တွေနဲ့
ဘဝတစ်ခုတည်ဆောက်ပေးတယ် ခိုင်မြဲတဲ့အကြင်နာနဲ့
ကျွန်တော့်အတွက် သူရဲကောင်းအဖေ
အမေ့ကျေးဇူးများ ဆပ်မကုန်နိုင်ဘူး
ဘဝတစ်လျှောက် စဉ်းစားတိုင်း
ဒီညများထဲတစ်ယောက်တည်းလည်း
လမ်းတွေပျောက်ရချိန်
အဖေ့ရဲထွေးပိုက်မှုတွေရင်ထဲ
ရုတ်တရက်တွေးမိတိုင်း
လူတွေကြားထဲတစ်ယောက်တည်းလည်း
အားတွေရှိခဲ့ပြီအဖေနဲ့အမေ