ရင်ဆိုင်ရဲတယ် (အယ်ဇော်လ)

Record Tracklist

  1. ရင်ဆိုင်ရဲတယ် (အယ်ဇော်လ) -:-- / 4:37

VERSE 1
ကိုယ်ထင်တာအထင်ကတစ်မျိုး တစ်ခါတစ်လေ မထင်တာတွေ ကြုံရမယ်
အော် တကယ်ကို မလွယ်ဘူးကွယ် အောင်မြင်ခြင်း ဒို့အတွက် မဟုတ်သလိုပဲ
ဘယ်တော့မှ မလျှော့ဘူး ကိုယ်လေ အောင်မြင်မှာ သိထားဆဲ
မပူပါ ဒီလိုပဲ လောကမှာ အရှုံးနဲ့အနိုင်ရှိစမြဲပဲ

VERSE 2
ကြုံဆုံသမျှတွေရယ် ဒီအခက်အခဲတွေအတွက်
ရင်ဆိုင်ရမှာပဲ လွဲရှောင်ဖယ်မရပါ
ပျော်ရွှင်မယ့်အချိန်တွေ ငိုယိုမယ့်အချိန်တွေ
ဒီကမ္ဘာကြီးမှာလေ တကယ် ကြုံရမယ်

CHORUS
လူတိုင်းတွေ့ကြုံလာရစမြဲမို့ အစမ်းတော့မဟုတ်ခဲ့တော့ပါ သဘာဝ
ဒါကြောင့် ရင်ဆိုင်နေလိုက်ဦးမယ် ဒို့အတွက် အခက်အခဲတော့ မဟုတ်ဘူးကွယ်
ရင်ဆိုင်တွေ့ကြုံသမျှ ဖြစ်လာတာအလုံးစုံ ဘုရားမြတ်စွမ်းအားနဲ့လျှောက်လှမ်းမယ်
ရင်ဆိုင်ဖို့ ခွန်အား ခရစ်တော်ထံပါးဝယ် ဆုတောင်းခြင်းနဲ့ပဲ ခွန်အားအသစ် အစဉ်ရတယ်