VERSE 1
ဆူးတောထဲကမျိုးစေ့လေး ဖြစ်နေပြီလား
ချစ်မိတ်ဆွေ ဆူးပင်တွေရဲ့ နှောင့်ယှက်မှုကြား
လူးလိမ့်ရင်းနဲ့ သင့်ရဲ့ဘဝအသက်တာလေး
ကြီးထွားခြင်းမရှိ အရင်အတိုင်း ဖြစ်နေပြီလား
CHORUS 2
(စဉ်းစားပါ)၂ ချစ်မိတ်ဆွေ ဟူး
ရုန်းထွက်လိုက်ဖို့ ကြိုးစားပါဦး
ဆူးတောထဲက မျိုးစေ့လေးဘဝမျိုးနဲ့
သွားတော့မှာလား
VERSE 2
ကောင်းသောမြေက မျိုးစေ့လေး ဖြစ်နေရင်တော့
ချစ်မိတ်ဆွေ အသီးအပွင့်တွေကို တွေ့ရမှာပဲ
ကြီးထွားရင့်ကျင် သင့်ရဲ့ဘဝအသက်တာလေး
ဥယျာဉ်မှူးအတွက် ဝမ်းမြောက်စရာ ချမ်းမြေ့စရာပဲ
CHORUS 2
(စဉ်းစားပါ)၂ ချစ်မိတ်ဆွေ ဟူး
အသီးသီးလိုက်ဖို့ ကြိုးစားပါဦး
ကောင်းသောမြေက မျိုးစေ့ကလေး
အဖြစ်ဖြစ်ဖို့ ကြိုးစားပါဦး