VERSE 1
ပူလောင်ခြင်းနဲ့ နာကျင်မှုများ အခါခါကြုံရင်းနဲ့ ကျွန်ုပ်ဘဝမှာ
ငိုယိုနေရင်း မျက်ရည်လေးတွေ ကြွေခဲ့ရ
ဖြေသာနိုင်ဖို့အတွက် ကြိုးစားကာ ဖြေသိမ့်သူကိုရှာဖွေသမျှ
ဘယ်လူသားမှ ခိုလှုံခြင်းအတွက် မရပါလား
CHORUS
လောကရဲ့လှပမှုတွေနဲ့ လူ့ဘဝရဲ့စည်းစိမ်တွေများကို
ရှာဖွေနိုင်သော်လည်း စိတ်ပျော်သွားအောင် မတွေ့ခဲ့ရ
အကောင်းဆုံးသောမေးခွန်းထုတ်သော်လည်း
အကောင်းဆုံးသော ကျွနု်ပ်အတွက် အဖြေမရပါ
ထိတ်လန့်မှုများနဲ့ ငိုယိုခြင်းသာ အဖတ်တင်လာ
VERSE 2
ထိုစဉ်ခါ ကျွန်ုပ်အတွက် ဖြေသံကြားရ ငါသာလျှင် သင့်ရဲ့အားကိုးရာ
ငါသာလျှင် သင့်ရဲ့ လွတ်ငြိမ်းရာကို ဖန်တီးသူ
ငါသာလျှင် သင့်ရဲ့အပြစ်လွတ်ရာ လူသားတွေကို ပိုင်ဆိုင်ထား
ငါသာလျှင် အကောင်းဆုံးအမြင့်ဆုံးသော သင့်ရဲ့ဘုရား