သိရင်လှမ်းလိုက်-ကိုစု

Record Tracklist

  1. သိရင်လှမ်းလိုက်-ကိုစု -:-- / 4:43

VERSE 1
လောကကြီးထဲမှာ ဖြစ်ပျက်တဲ့အရာ နှုတ်ကပတ်တရားနဲ့ ချိန်ထိုးကြည့်လိုက်ရင်
အချိန်တွေဟာ နောက်ဆုံးရောက်နေပြီဆိုတာ သိထားစမ်းပါ
ဘုရားပေးထားတဲ့ အချိန်နေ့ရက်လေးတွေ အသုံးချတတ်တဲ့ လူသားတစ်ယောက်ဖြစ်ဖို့
စဉ်းစား ရွေးနှုတ်တတ်ဖို့လိုပြီ ပြန်လည်ပြီး သုံးသပ်ပါဦး

VERSE 2
လောကကြီးထဲ ဒီနေ့ရက်ထိတိုင် ဘုရားကျေးဇူးကြောင့် နေခွင့်ရခဲ့တယ်ဆိုတာကို
မမေ့ပစ်လိုက်နဲ့ဦး အကြံအစည်တွေရှိလို့ ဖြစ်တယ်
ဘုရားပေးထားတဲ့ ဒီအခွင့်အရေးလေးဟာ ကိုယ့်ရဲ့အတ္တ ကိုယ်အကျိုးအတွက် မဟုတ်ပါ
ဘုရားသခင် အသုံးပြုဖို့အတွက်ပါပဲဆိုတာ သတိပြုလိုက်ပါဦး

CHORUS
ဘုရားသခင် သဘောထားတွေကို သိအောင် ကြိုးစားလို့ ရှာဖွေပါလေ
သမ္မာကျမ်းထဲမှာ ရှာကြည့် သိနိုင်တယ်
(ဘုရားမြတ်အလို သိအောင်ရှာဖို့ ကြိုးစားပါ သိရင် ကိုယ့်ဘဝကို
ဘုရားအလိုတော်အတိုင်း လိုက်လျှောက်ပါ ပြင်ဆင်ပါ)
ဘုရားမြတ်ရဲ့ဆန္ဒ သဘောထားလေးတွေ လုပ်စေချင်တဲ့အရာလေးများသိရင်
မိတ်ဆွေ ငေးမောလို့ တွေးမနေနဲ့ အမြန်ဆုံး လှမ်းလိုက်ပါတော့/လှမ်းခဲ့ပါတော့