နောက်ကသုည-အဖွဲ့

Record Tracklist

  1. နောက်ကသုည-အဖွဲ့ -:-- / 5:26

VERSE
အရောင်အဆင်း ကွဲပြားမှုတွေရယ် လူသားချင်းတူလည်း
ယူဆချက်ကိုယ်စီ ရင်မှာ ခွဲခြားနေဆဲ
လူနေအဆင့်အတန်းခွဲခြား မတူညီသဏ္ဌာန်များနောက်မှ
ကိုယ်ပိုင်မာနတရားက ဘာ့အတွက်လဲ
တကယ်ဆို ပျက်စီးတတ်တဲ့ တို့ရဲ့ ဒီခန္ဓာအသက်တာ
သခင်ဘုရားရှေ့မှာ သုညတစ်ခုပါ
ပိုင်ဆိုင်ကာထား ရှင်သန်ဖို့ အဖိုးမဲ့ဘဝများစွာ
ကယ်တင်သူ ဘုရားတစ်ပါးတည်းသာ ကြီးမြတ်သူပဲ
ကိုယ်တော်ရှင်ရဲ့ အလိုတော်အတိုင်း တို့အသက်ရှင်တတ်ရင်
ညီညာစွာ အစေတော်ခံကာ သုညများ သခင့်ဘုန်းတော်အတွက်သာ

CHORUS
စွမ်းဆောင်မှုတွေ အတတ်ပညာနဲ့ ကောင်းမြတ်ခြင်းတွေ တို့မှာမရှိဘူး
ဘုရားသခင်ရှေ့မှာ တို့တွေ သုညပဲ
ဘုရားသခင်ရှေ့ကို ရောက်နေရင်တော့ အဖိုးမဲ့တဲ့ဘဝများ
သင်တွေးတောမိရဲ့လား အပြည့်ကိန်း တို့နောက်မှာရှိနေ

BRIDGE
သခင်ဘုရားနောက်မှာ နေတဲ့အသက်တာ
သုညလေးဟာ အမြဲ တန်ဖိုးရှိလို့သွား
အပြည့်ကိန်းတစ်ခုကို တန်ဖိုးမြှင့်ရန်
သုညများဟာလည်း တကယ်လိုအပ်လို့နေခဲ့
သခင်ဘုရား ဘုန်းတော် အစဉ်တိုးပွားရန်
သုညလေးလိုပဲ တို့ရဲ့ဘဝများ