အပြစ်သားများကယ်တင်သူ-စံပီး

Record Tracklist

  1. အပြစ်သားများကယ်တင်သူ-စံပီး -:-- / 4:01

VERSE 1
အလှမ်းဝေးနေပြီ ဘုရားမြတ်ရှေ့မှာ
တလောကလုံး အမှောင်အတိဖုံးကာ ဝေးလွင့်လို့နေပြီ
ဝမ်းနည်းနေလား ဘုရားမြတ်ရှိတယ်
အသက်လမ်းနဲ့ ငြိမ်သက်ခြင်းအတွက် စောင့်လျက်ဆီးကြိုနေ

CHORUS
ဘယ်မှာရှိလဲ မိတ်ဆွေရဲ့နှလုံးတံခါးခေါက်လျက်နေ
အသံတော်ကြားလား ဘုရားသခင်/ကိုယ်တော်ခေါ်နေတယ်
ဘယ်ဆီသွားမလဲ မိတ်ဆွေရဲ့နှလုံးတံခါးဖွင့်ထားပါ
လှမ်းခဲ့ပါ နောင်တရားနဲ့ ဘုရားမြတ်စောင့်ကြိုနေ

VERSE 2
တစ်နေ့သောအချိန်မှာ အဆုံးသတ်ရှိတယ်
အစွမ်းမဲ့တဲ့ လူသားအတ္တ ဘုရားနဲ့ဆန့်ကျင်ခဲ့
စဉ်းစားစေချင် သူ့ရဲ့/ဘုရားမြတ်မေတ္တာ
အပြစ်သားအတွက် ကိုယ်စားစတေးခံ အသက်စွန့်ခဲ့ပြီလေ

VERSE 3
ဝမ်းမြောက်စေပြီ ထမြောက်ခဲ့ပြီ
အပြစ်သားအတွက် သေခြင်းတရားမှ ဘုန်းတန်ခိုးတော်နဲ့
ရွေးနှုတ်ကယ်တင် အသွေးသွန်းလောင်းကာ
အပြစ်ရှိသမျှ လူသားအားလုံး လွတ်ငြိမ်းချမ်းသာရာ