တေးရေး-မုံပီး
VERSE 1
နေ့ရက်များစွာ ကျော်လွန်ခဲ့ပြီ ပြောင်းလဲခြင်းတွေများ
စဉ်းစားကြည့်လိုက်ဦး ဘယ်သူစောင်မလဲ
ဒုက္ခများစွာ အောင်မြင်ခဲ့ပြီ ဆိုးမိုက်နေ့တွေလည်း
နောက်ထပ်မရှိတော့ဘူး ကိုယ်တော်ရှင်ကြောင့်သာ
PRE-CHO
ကျေးဇူးများစွာ ရေတွက်ရင်း များလွန်းတဲ့ အချစ်တွေရယ်
ကွဲပြားတဲ့အရောင်အဆင်းတွေနဲ့ မတူညီတဲ့ အဆင်းများရှိနေလည်း
CHORUS 1
အဆင့်အတန်းအရောင်ရယ် မခွဲကာရယ်
ချစ်ခြင်းတွေ သူအတူပေးခဲ့ အကြင်အနှိုင်းမဲ့မေတ္တာ
ဘုန်းကြီးပါစေ ဘုရားရှင်အား ကမ္ဘာလူသားတွေ ချီးမွမ်းမယ်
အထံတော်တိုးဝင်ကာ
BRIDGE
နေ့ရယ် ညတွေ ကုန်ဆုံး ပြောင်းလဲသွားပါစေ
မပြောင်းလဲတဲ့ အချစ်တွေနဲ့
နေ့စဉ်ညစဉ် စောင်မလမ်းပြသွားခဲ့ ချီးမွမ်းလို့မကုန်နိုင်
CHORUS 2
အားလုံးချီးမွမ်းမယ် ထိုအရှင်ခရစ်တော် ဒို့အတွက် ပြည့်စုံတယ်
အို သူရယ် ငါရယ် မခွဲခြားဘဲ အားလုံးကိုချစ်တဲ့အရှင်
ယနေ့ထိ လမ်းပြနေ ရှင်သန်ခရစ်တော် ရှေ့ဆက်ခရီးမှာလည်း
အို အစဉ် စောင်မလမ်းပြဦးမယ် နေ့ရက်များစွာထဲ