တေးရေး – မုံပီး
VERSE 1
လည်ပြန်ဒီခရီး ဒီဘဝကြီး ထင်ရာစိုင်းတဲ့ ငါ့ဘဝရယ်
နောင်တနှလုံးသားထံမှ ဆုတောင်းသံတွေကို နားညောင်းလှည့်ပါဦး
အကြင်နာတွေလည်း ပြန်လိုချင်ပြီ ဟိုတစ်ချိန်က အမှားများအတွက် တောင်းပန်ရင်း
ဖေးမလှည့်ဦး အကြင်နာတွေနဲ့
CHORUS
ခိုလှုံနေမယ် အတောင်တော်အောက်မှာ
ဂုဏ်တော်သီချင်း သီဆိုရင်း
နှစ်သိမ့်ကွယ်ကာပေးပါ ဒုက္ခတွေကြား လမ်းပြမူပါ
အန္တရာယ်တွေလည်း ငြိမ်းစေလှည့်ပါ ယေရှုရှင်ရဲ့ ဘုန်းတော်တန်ခိုးနဲ့
VERSE 2
ပျော်ရွှင်ချိန်လေးတွေ မြင်ယောင်ရင်း နောင်တတရားနဲ့ တောင်းတဲ့ဆု
အပြစ်သားနှလုံးသားထံမှ ငိုညည်းသံတွေကို နားစွင့်လှည့်ပါဦး
အစဉ်ထာဝရ ကိုယ်တော်နဲ့ပဲ ကမ္ဘာဆုံးထိ လှမ်းလျှောက်နိုင်ဖို့ရန်
ကျေးဇူးတရားများ ရေတွက်ရင်း