သူရဲကောင်း (မဒီ)

Record Tracklist

  1. သူရဲကောင်း (မဒီ) -:-- / 4:47

တေးရေး- စောဘွဲ့မှူး

VERSE 1
မျက်ရည်ကျပြီး ဝိညာဉ်မျိုးစေ့ကြဲဖို့ သူထွက်သွားတာ
မျက်ရည်သုတ်ရင်း စွန့်စားစွန့်လွှတ်ဝံ့သူ ပြန်မရောက်တာ
ရက်လများနဲ့ နှစ်တွေ ကြာညောင်းခဲ့
ချစ်တဲ့ အစ်ကိုတစ်ယောက် သတင်းကြားရတယ်

VERSE 2
တောတောင်တွေအလယ် ခက်ခဲတဲ့ခရီးလမ်းမှာ ရွှင်လန်းစွာ
အမောမပြေခင်မှာ သခင်ဘုရားရဲ့ ကျေးဇူးတရား ရေတွက်ကာ
နေ့ညမရွေးနိုင်ပါ တစ်တောဝင် တစ်တောင်တက်ကာ
ဝမ်းမြောက်ဖွယ်ကာ သတင်းကောင်းအတွက်ပါ

CHORUS
သူရဲကောင်း သူရဲကောင်း
ထာဝရဘုရားသခင် နိုင်ငံတော်အတွက်
သူရဲကောင်း သူရဲကောင်း
နိုင်ငံတော်အတွက်ဆို အသက်ပေးချင်သူ

VERSE 3
သူ့ရင်ခွင်မှာ သန့်ရှင်းသော ချစ်မေတ္တာ ပေါက်ဖွားလာ
ခရစ်တော်ကိုမသိ မှောင်မိုက်သည့် ညဘက်နေ လူသားတွေ
သေခြင်းမှ အသက်ရှင်ဖို့ အမှားတွေ မှန်သွားဖို့
ဆူးမွေ့ယာ မြွေတော ကင်းတောမှာ

VERSE 4
အရိုးတုန်အောင်အေးတဲ့ ရေခဲမြစ်နဘေးလည်း သူရောက်ဖူးတယ်
နှင်းတွေကြွေမစဲ စိုရွှဲတဲ့ သူ့အဝတ်တွေ မခြောက်စတမ်းကွယ်
သိပ်နုတဲ့ သူ့ခြေဖဝါး သွေးခြေဥသွားအောင်
အဝေးရောက်သူတွေအတွက် သူ့လက်ဆောင်

VERSE 5
အမှုတော်ဆောင်ရင်း ပင်ပန်းဆင်းရဲခြင်းကို ကျေနပ်စွာ
ရှေးယုံကြည်သူ သန့်ရှင်းသော ရှေးကညီအစ်ကိုတွေနည်းတူ
တောနက်ကြီးအလယ်မှာ မော်ကွန်းဝင် မထင်မရှား
သခင့်ဗိမာန် ပြန်သွားနှင့်ခဲ့ပြီ

၁။ နော်ဖောဝါး (အချင်းစာတန် ငါ့နောက်သို့ဆုတ်လော့)
၂။ မီးမီးခဲ (သူရဲကောင်း အယ်ဘမ်မှ)