မိခင်လောင်းနောင်တ (Take-4)

Record Tracklist

  1. မိခင်လောင်းနောင်တ (Take-4) -:-- / 5:10

VERSE 1
လူ့ရဲ့အသက်တစ်ချောင်း မသတ်ကောင်းမှန်းတော့ သိနားလည်လွန်းကြတယ်
သိပ်ချစ်စဖွယ် ရင်သွေးလေးတွေဆို ပိုမို မြတ်နိုးမှာပဲ
ဒီလိုကလေးလေးတစ်ယောက် ကမ္ဘာမြေထက်မရောက်မီ သန္ဓေသားကို ဖျက်ချကာ
ရက်စက်လှသော လူသတ်မှုတွေကို မိခင်လောင်းတွေ ပြုဖူးလေပြီ

CHORUS 1
လူအသက်မသတ်ရ ပညတ်ချိုးဖောက်ကာ ရှေ့တော်မှာ လူသတ်မိပြီ
ကိုယ်နှင့်လုံး၀ စပ်ဆိုင်သောပုဂ္ဂိုလ်တစ်ဦးအား ပြစ်မှားမိပြီ
ဒူးထောက်ဝန်ချ မိုက်မှားမိလေသမျှ သခင့်ထံ တောင်းပန်ချိန်ကျလေပြီ

VERSE 2
သိပ်တိုးတက်ပြီး အဆင့်တန်းမြင့်တဲ့ ရေမြေခြား အမေရိကမှာ
ကလေးလေးတွေဟာ တစ်နေ့ လေးထောင်ကျော် မှန်မှန်သေဆုံးလေပြီ
ဒီဆိုးညစ်တဲ့ အိပ်မက်ဆိုးကြီးဟာ ကမ္ဘာကြီးကို ခြောက်လှန့်နေ
အို ပြုမိလေသမျှ နောင်တရပါစေ မိခင်လောင်းတွေကို ပြောချင်နေ

CHORUS 2
ချစ်ခြင်းခေါင်းပါး မေတ္တာခေါင်းပါးတဲ့ မိခင်တွေ ပြင်ဖို့သင့်ပြီ
အဖဘုရားရဲ့ အမျက်ဒေါသ မသွန်းလောင်းမီ ရှေ့ဆက်မလွန်ကျူးသင့်ပြီ
ဒူးထောက်ဝန်ချ မိုက်မှားမိလေသမျှ သခင့်ထံ တောင်းပန်ချိန်ကျလေပြီ

VERSE 3
သင်အခုသောက်တဲ့ သန္ဓေတားဆေးဟာ ဘယ်လောက်ပြင်းထန်လဲသိလား
မွေးဖွားလာမယ့် ရင်သွေးလေးကိုတောင် အင်္ဂါချို့ယွင်းစေပြီ
သင်အခုဖျက်မယ့် သန္ဓေသားလောင်းဟာ ဘယ်လောက်အဖိုးတန်သလဲသိလား
ကြီးပြင်းလာရင် တန်ဖိုးမဖြတ်နိုင်တဲ့ ဘုရားသခင် သားငယ်ပင် ဖြစ်နေမယ်

မူရင်း – (အချင်းစာတန်ငါ့နောက်သို့ဆုတ်လော့ စီးရီး၁၁/၁ မှ)