ဧဝံဂေလိဆရာအသစ်စက်စက် (David Yone Moe)

Record Tracklist

  1. ဧဝံဂေလိဆရာအသစ်စက်စက် (David Yone Moe) -:-- / 5:17

VERSE 1
ကျွန်တော်ကတော့ မပြောင်းလဲခင် ဟိုတစ်ချိန်တုန်းကဆို
တကယ်ဘိန်းစား မူးယစ်တဲ့ ဂီတသမား
ဒီလိုနဲ့တစ်နေ့မှာ ယေရှုဘုရားက ကျွန်တော်အပြစ်သားကို ဆုံးမပြီးမှ
ကိုယ်တော်ချစ်သော သားအဖြစ် လက်ခံလာ

VERSE 2
သခင်ဘုရားရဲ့ ကျေးဇူးတော်ကို အံ့သြဝမ်းသာ
ဝေငှမယ် ဟောပြောမယ် ပြင်ဆင်ပြီး
သခင်ဘုရားအကြောင်းကို မကြားဖူးတဲ့ ဝေနေယျသတ္တဝါအပေါင်းတို့ရှေ့မှာ
ကျေးလက်တောရွာ တောင်ပေါ်မြေပြန့်မကျန်

VERSE 3
မယုံခဲ့တဲ့ လူဆိုးလေးတေါ ယုံကြည်သွားခဲ့ပြီ
အံ့သြစရာ တစ်ပါးအမျိုးသားများ ယုံကြည်လာ
ဒီစပါးခင်းတွေ ရိတ်သိမ်းပြီးမှ အိမ်ပြန်ရောက်တဲ့အခါ စိတ်ထိခိုက်စရာ
ရင်မှာ ခံစားချက်တစ်ခု တိုးဝင်လာ

VERSE 4
အမေကတော့ ရှေးရိုးရာ ကရင်နှစ်ခြင်းခရစ်ယာန်
အမေကတော့ ထက်မြက်တဲ့ Liberal တစ်ဦး
ကျွန်တော်ကလမ်းပေါ် အော်ရင်းဟစ်င်း Evangelist စစ်စစ်တစ်ယောက်ပါ
ကျွန်တော်ပြန်လာတော့ ဘယ်သူမှ လက်မခံပါ

CHORUS
ဘုရားသားသမီးတွေပဲ ဘာကြောင့်ခွဲတာလဲ ဂိုဏ်းဂဏအစွဲတွေရယ်
လူမျိုးရေးအစွဲတွေရယ် ဒါဟာ ကယ်တင်ခြင်းတရားကို
တားမြစ်ထားတယ် ဒါဟာ ကယ်တင်ခြင်းတံခါးကို ပိတ်ဆို့တတ်တယ်
ဒါကြောင့် ဒါတွေအတွက် ဆုတောင်းပေးဖို့လိုတယ်

မူရင်း – စောဘွဲ့မှူး (အချင်းစာတန်ငါ့နောက်သို့ဆုတ်လော့ စီးရီး ၁၁/၂)