တမန်တော်ဝတ္ထု (ဘရိတ်ကီ)

Record Tracklist

  1. တမန်တော်ဝတ္ထု (ဘရိတ်ကီ) -:-- / 4:32

တေးရေး-စောဘွဲ့မှူး

ရှင်ပေါလုနှင့် သိလတို့နှစ်ဦးမှာ
ဥပုသ်နေ့ တရားဇရပ်ကိုအရောက်
နတ်ဆိုးစွဲလို့ နတ်ဝင်တဲ့ မိန်းကလေးကို
နတ်ဆိုးကိုနှင့် ယေရှုခရစ်တော်နာမဖြင့်
ဒါကို စိတ်ဆိုးတဲ့ လူထုကြီးက
ထောင်သွင်းကာ အကျဉ်းချထားပြီ အကျဉ်းချထားပြီ

VERSE 1
ပေါလုနှင့်သိလကို ကြိမ်ဒဏ်ပေး
ဒဏ်ရာတွေဟာ သွေးစို့နေ
အကျဉ်းချထားစဉ် ထင်သလိုမဖြစ်
ပတ္ထနာတော်ပြုရင်း (ချီးမွမ်း၍ သီချင်းဆို)၃
ဒုက္ခထဲက ဝမ်းမြောက်ခြင်းတွေ

VERSE 2
ရုတ်တရက်အကျဉ်းထောင် တုန်လှုပ်သွား
ပြိုမလိုတောင် အုတ်ရိုးကြီးတွေ
ကျဉ်းစခန်းတံခါးတွေ ပွင့်ထွက်သွား
မခံနိုင်ပါသံကြိုး (ချီးမွမ်း၍ သီချင်းဆို)၃
ဒုက္ခထဲက ဝမ်းမြောက်ခြင်းတွေ

VERSE 3
ထောင်မှူးကြီးထိတ်လန့်ကာ သေမလိုဖြစ်
မြန်မြန်သေအောင် ဓါးထုတ်စဉ်
ရှင်ပေါလုက တားမြစ်တယ် မသေပါနဲ့
ဒီမှာလေ ငါတို့ (ချီးမွမ်း၍ သီချင်းဆို)၃
ဒုက္ခထဲက ဝမ်းမြောက်ခြင်းတွေ

VERSE 4
ဒူးထောက် ထိတ်လန့်နေသူထောင်မှူး
ကယ်တင်ရှင်ကို စောင့်စားပြီ
ယေရှုခရစ်တစ်ပါးတည်းသာ ကယ်တင်မှာ
ထိုစဉ်မှာ ထောင်မှူး (ချီးမွမ်း၍ သီချင်းဆို)၃
ဒုက္ခထဲက ဝမ်းမြောက်ခြင်းတွေ

မူရင်း- စောဘွဲ့မှူး (အချင်းစာတန်ငါ့နောက်သို့ဆုတ်လော့ စီးရီးမှ)