တေးရေး-စောဝီးလ်ဖရက်
VERSE 1
အာဒံနဲ့ ဧဝတို့ရဲ့အသက်တာ နာခံမှုကင်းဝေးလို့
လူတွေ သေခြင်းဒုက္ခကို ထွေးပိုက်ခဲ့ရပြီ
နာခံမှုကင်းဝေးခဲ့လို့ လူတွေ လူတွေ ကျိန်စာသင့်ထားခဲ့ပြီ
ဘယ်လို ရုန်းထွက်ရုန်းထွက် ကြိုးစားခဲ့ ပြန်ရုန်းနေဆဲ
စာတန်ကို ယုံစားခဲ့ ကိုးစားမိလို့ ဘုရားနဲ့ဝေးသွား
CHORUS 1
(– ဝေးတုန်း နောင်တလေးများ ရခဲ့ရင်
ကိုယ်တော်ရှင်ထံမှာ တောင်းပန် ဦးညွတ်လိုက် အိုး
လေးသော အပြစ်ဝန်ထုပ်များ ချထားခဲ့တယ်
ကယ်တင်ခြင်းဆုကျေးဇူး ဘုရားမြတ်ပေးလိမ့်မယ် –)
VERSE 2
နာခံခြင်းများ ပြည့်ဝခဲ့ ဆုကျေးဇူးတွေ ပြည့်စုံမယ်
စာတန်စုံစမ်းနှောက်ယှက်ခြင်းများ ကင်းလိမ့်မယ်
ကုန်လွန်ခဲ့သော ဒို့မိုက်ပြစ်တွေ
တကယ်ကို ကမ္ဗလာလို နီသွားခဲ့လည်း
(ကိုယ်တော်ဖြူစင်စေမယ် မိုးနှင်းပွင့်လိုအဆင်း)
ယုံကြည်ခိုလှုံလိုသူ ကိုးစားခဲ့ရင် ခိုလှုံခွင့်ပေး
CHORUS
(– အလေးဆုံးဝန်ထုပ်လေးများ ရှိခဲ့ရင်
ကိုယ်တော်ထံမှာ တောင်းပန် ဦးညွတ်လိုက် အိုး
လေးလံသူအား မစ ဖေးမလိမ့်မယ်
ဖြူစင် အနက်ရှိုင်းဆုံးနဲ့ အသက်စွန့်ချစ်တဲ့သူ –)
လူတွေ ရင်မှာ အစဉ်သာ တမ်းတမိတဲ့မေတ္တာ
(ဖြူစင်ကြင်နာ အနက်ရှိုင်းဆုံးပေးဆပ်မယ့် အသက်စွန့်ချစ်သွား)
CODA
(– အမြဲ လူသားများအား ချစ်တဲ့သူ
ကိုယ့်ရန်သူကိုတောင် အပြစ်မယူ ခွင့်လွှတ်သူ အိုး
အပြစ်သားများကို ချစ်၍ အပြစ်တော့ မုန်းသူ
ဖြူစင်အနက်ရှိုင်းဆုံးနဲ့ အမြဲတမ်း ချစ်မယ့်သူ
ကားတိုင်ထမ်းပါ ကိုယ့်ရန်သူကိုတောင်
အပြစ်မယူ ချစ်လွန်းသူ အပြစ်သားများကိုချစ်၍
အပြစ်တော့မုန်းသူ ဖြူစင် အနက်ရှိုင်းဆုံးနဲ့ အမြဲတမ်းချစ်မယ့်သူ –)