ကောက်ရိုးမီး(မီးမီးခဲ)

Record Tracklist

  1. ကောက်ရိုးမီး(မီးမီးခဲ) -:-- / 3:47

တေးရေး-စောဝီးလ်ဖရက်

လက်ဝါးကပ်တိုင်ထက် အသက်စွန့်သူ
အပြစ်ကြွေးဆပ်ခဲ့လေပြီ
လူသားတိုင်းအတွက် အရက်စက်ခံ
တံတွေးခွက်ထဲ မျောခဲ့ရှာပြီ
ဘယ်လောက်များများ ပြန်ပြီး ပေးဆပ်မယ်
ရှိနေတဲ့ အစွမ်းအစကို
ဘာကြောင့်များ ပေးဆပ်ဖို့
အင်အားမရှိတယ်

VERSE 2
ဂုဏ်သရေ ကင်းလွန်းလို့ သခင့်လမ်းကို
လိုက်လျှောက်ဖို့ ရှက်နေပြီ
ယုံကြည်ကိုးစားတစ်ချက် အမိုက်ပြစ်တစ်ရာ
သမင်မွေးတိုင်း ကျားစားလေပြီ
ယုံကြည်ခြင်း အားမာန်နဲ့ ပြည့်ဝရင်
ဘဝသေလည်း အရှုံးမရှိပြီ
ယုံကြည်ခြင်း ဆန်းစစ်လိုက်
ကောက်ရိုးမီးလား

မူရင်း- ပေါ်ဦးညီအစ်မ(နှလုံးသားအတွက်လွတ်ငြိမ်းရာ)